ကိုရီးယားအင်တာနက်သုံးစွဲသူတွေရဲ့ blogs တွေ လူမှုကွန်ယက်တွေမှာ လူထုစိတ်ဝင်စားမှုအများဆုံး လူပြောအများဆုံးဇာတ်လမ်းတွဲတွေထဲမှာတော့ အခုဖော်ပြမယ့်ဇာတ်လမ်းတွဲတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။
၁။ It’s Okay To Not Be Okay
ကိုရီးယားမှာတင်မက ကမ္ဘာတစ်လွှားက ကေဒရမ်မာချစ်သူတွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားနေတဲ့ ဒီဇာတ်လမ်းတွဲကတော့ most buzzworthy series ပါတဲ့။ Kim Soo Hyun နဲ့ Seo Ye Ji ပါဝင်ထားသလို ဆွဲဆောင်မှုရှိတဲ့ဇာတ်အိမ်ကြောင့် ကြည့်ရှုသူတိုင်း နှစ်သက်ကြပါတယ်။
၂။ Once Again
KBS ရဲ့ ဇာတ်လမ်းတွဲရှည်တစ်ခုဖြစ်တဲ့ Once Again ကလဲ ကိုရီးယားပြည်သူတွေကြားမှာ ရေပန်းစားပါတယ်။ မိသားစုတစ်စုရဲ့ ဘဝအမောတွေ မိသားစုကြားကချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးမို့ လူကြီးလူငယ်မရွေးနှစ်သက်ကြပါတယ်။
၃။ Backstreet Rookie
Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးဟာလဲ အပြစ်ရှာဝေဖန်ခြင်းတွေ အမျိုးမျိုးခံရပေမယ့် တိုက်ခိုက်သူတွေထက် ကြိုက်နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေက အဆပေါင်းများစွာပိုတာမို့ အောင်မြင်မှုတွေတသီကြီးရရှိနေပါတယ်။
၎။ Kkondae Intern
မင်းသားချော Park Hae Jin ရဲ့ ဒီဇာတ်လမ်းတွဲလေးကလဲ တမူထူးခြားတဲ့ ဇာတ်လမ်းကြောင့် ကိုရီးယားပရိတ်သတ်တွေ အကြိုက်တွေ့နေကြပါတယ်။ ကြည့်ရှူနှုန်းလဲမြင့်နေပေမယ့် စိတ်မကောင်းစရာကတော့ Covid-19 ကြောင့် အပိုင်းတွေကိုချုံ့ပြီး ရိုက်ကူးနေရပါတယ်တဲ့။
၅။ Mystic Pop-Up Bar
သဘာဝလွန်ဇာတ်လမ်းတွေကို သဘောကျတဲ့ပရိတ်သတ်တွေ အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေအပြင် CG effects တွေကိုပါ အသေးစိတ်ကြိုးစားပြီး အားစိုက်ထားတာမို့ ကြည့်ရကျိုးနပ်တယ်လို့ ပြောဆိုနေကြပါတယ်။
၆။ My Unfamiliar Family
အရွယ်ရောက်လာတဲ့အခါဖြစ်တတ်တဲ့ လူတွေရဲ့သဘောသဘာဝနဲ့ သွေးသားတော်စပ်မှုနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ ချစ်ခြင်းနဲ့ဖွဲ့စည်းထားသည်ဖြစ်စေ မိသားစုရဲ့ တန်ဖိုးရှိမှုကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။ ကိုရီးယားကြည့်ရှူသူတွေလဲ အကြိုက်တွေ့ကြပါတယ်။
၇။ Dinner Mate
မင်းသား Song Seung Hoon နဲ့ မင်းသမီး Seo Ji Hye တို့ပါဝင်ထားပြီး ‘နာမည်ကျော်တွေပါဝင်ပေမယ့် ဇာတ်လမ်းကအရမ်းအေးလွန်းတယ်’ ဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ ပရိတ်သတ်ကအားပေးသင့်သလောက် အားမပေးကြပေမယ့် အောင်မြင်တဲ့ဇာတ်လမ်းတွဲလို့တော့ ဆိုနိုင်ပါတယ်။
၈။ Oh My Baby
မင်းသမီး Jang Nara အဓိကပါဝင်ထားပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အိမ်ထောင်မပြုပဲ ရင်သွေးလေးလိုချင်နေတဲ့ ဂျာနယ်လစ်မမစ်ယောက် သူ့ပတ်ဝန်းကျင်က ကိုယ်လူချောသုံးဦးထဲက ဘယ်သူ့ကို ကလေးဖခင်အဖြစ်ရွေးချယ်မလဲဆိုတာကို အချစ်ဟာသပုံစံ ရိုက်ကူးထားတာပါ။
၉။ Kingmaker: The Change of Destiny
ဂျိုဆွန်းခေတ်နောက်ခံ ဇာတ်လမ်းတွဲဖြစ်ပြီး ဂျိုဆွန်းခေတ်က လူတွေရဲ့ကံကြမ္မာကို ဟောဖတ်နိုင်တဲ့ နာမည်ကျော်ရှေ့ဖြစ်ဟောဆရာတစ်ဦး သူချစ်တဲ့မိန်းကလေးကို ကယ်တင်ဖို့ ဘယ်လိုလုပ်ရပ်တွေလုပ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။
၁၀။ Fatal Promise
KBS ရဲ့ soap-opera ဇာတ်လမ်းတွဲရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး Park Hana နဲ့ Ko Se Won အဓိက သရုပ်ဆောင်ထားပါတယ်။ ဂျွန်လနောက်ဆုံးအပတ်ရဲ့ လူပြောအများဆုံး ဇာတ်လမ်းတွဲတွေထဲမှာ နံပါတ် ၁၀ ပါ။
written: Dar Dar