Categories: Celebrity News

Kim Dami နဲ့အတူ ရုပ်ရှင်သစ်မှာ ပါဝင်ဖို့ဆွေးနွေးနေကြတဲ့ Jeon So Nee နဲ့ GOT7’s Jinyoung

ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြတဲ့ When My Love Blooms ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Jeon So Nee နဲ့ GOT7 အဖွဲ့ဝင် Jinyoung တို့ဟာ Kim Dami ပါဝင်ဖို့အတည်ပြုထားတဲ့ ‘SoulMate’ ရုပ်ရှင်မှာပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ soompi သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါရုပ်ရှင်ကတော့ နာမည်ကျော်တရုတ်ရုပ်ရှင်ဖြစ်တဲ့ ‘SoulMate’ ကိုပဲ ကိုရီးယားဗားရှင်းအဖြစ် ပြန်လည်အသက်သွင်းမှာဖြစ်ပြီး အသက် ၁၃ နှစ်ကတည်းက တွေ့ဆုံခဲ့တဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ ၁၄ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတာတွေ ဖြစ်ပေါ်ခဲ့ရတဲ့ ခံစားချက်တွေကို အချစ်နဲ့ သူငယ်ချင်းသံယောစဉ် ပေါ်လွင်ပြီး ရသတစ်မျိုးခံစားရမယ့် ရုပ်ရှင်ကောင်းတစ်ပုဒ်ပါ။

မင်းသမီး Kim Dami ကတော့ ရုပ်ရှင်မှာပါဝင်မယ်လို့ အစောကတည်းက အတည်ပြုခဲ့တာဖြစ်ပြီး Jeon So Nee နဲ့ Jinyoung တို့ကတော့ ကမ်းလှမ်းချက်ကိုရရှိပြီး ဆုံးဖြတ်ချက်ချနေတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်မှုကို When My Love Blooms မှာ မျက်ဝါးထင်ထင်မြင်ခဲ့ကြရတာမို့ ပါဝင်ဖြစ်ဖို့တော့ မျှော်လင့်နေကြပါတယ်။

တရုတ်နိုင်ငံက ရိုက်ကူးခဲ့စဉ်ကတည်းက ‘Comrades : Almost A Love Story’ ကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Peter Chan ရဲ့လက်ရာဖြစ်တဲ့အပြင် နာမည်ကျော်မင်းသမီးနှစ်လက်ပါဝင်တာကြောင့် လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ဒီရုပ်ရှင်ကို အနုပညာနဲ့ပတ်သတ်ရင် ပါရမီထူးတဲ့ ကိုရီးယားအနုပညာရှင်တွေက ဘယ်လိုအကောင်းဆုံးဖန်တီးကြမလဲဆိုတာတော့ ရင်ခုန်စရာပါပဲ။

source: Soompi
written: Dar Dar

Share