Categories: Celebrity News

Hotel Del Luna ဇာတ်လမ်းတွဲအပြီး ပထမဆုံးပြန်လည် ဆုံကြမည့် IU နှင့် Yeo Jin Goo

Hotel Del Luna ဇာတ်လမ်းတွဲမှ Jung Man Weol နှင့် Gu Chang Sung ကိုအားလုံးလည်း သတိရနေကြမယ်လို့ထင်ပါတယ်။ Hotel Del Luna ဇာတ်လမ်းတွဲဟာလည်း ၂၀၁၉ခုနှစ်အတွက် အောင်မြင်ခဲ့သောဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လွမ်းနေတဲ့ပရိတ်သတ်ကြီးအတွက်တော့ TVN မှထုတ်လွှင်မည့် Variety show တစ်ခုမှာ တူတူမြင်ရတော့မှာပါ။ Osen မှထုတ်ပြန်ချက်အရ IU ဟာ TVN မှထုတ်လွှင့်မည့် House Of Wheels ဆိုသည့် အစီအစဉ်၏ လေးယောက်မြောက် guest(ဧည့်သည့်) အဖြစ် ပါဝင်သွားမှာပါ။

House of wheels ဆိုသည့် အစီအစဉ်ဟာ Sung Dong ll, Kim Hee Won နှင့် Yeo Jin Goo တို့မှပုံမှန် members များဖြစ်ပြီး ရွေ့လျားအိမ်လေးပေါ်မှာ နေထိုင်၍ guest များကိုလည်းဖိတ်ကြားပြီး စကားလက်ဆုံကြသည့် အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

သူတို့အစီအစဉ်မှာပါဝင်ခဲ့သည့် guest များကလည်း နာမည်ကြီးများပဲ ဖြစ်ပါတယ်။ ပထမဆုံး guest အနေနှင့် Ra Mi Ran နှင့် Girl’s Day’s အဖွဲ့ဝင် Hyeri တို့ဖြစ်ပြီး၊ Second guest အနေနဲ့ကတော့ မင်းသမီး Gong Hyo Jin မှပါဝင်ခဲ့ပြီး၊ တတိယတစ်ယောက်အနေနှင့်တော့ Lee Sung Kyung တို့လာရောက်ခဲ့ပါတယ်။

မင်းသမီး Gong Hyo Jin ပါဝင်ခဲ့သည့် အပိုင်းဆို ကြည့်ရှုသူနှုန်း 4.96% ရရှိခဲ့ပါတယ်။ IU ကတော့လေးယောက်မြောက် guest အဖြစ်ပါဝင်မှာပါ။ အဆိုပါ Variety show ဟာလည်း ယခုလတ်တလောမှာ ပရိတ်သတ်အများအပြား စိတ်ဝင်စားနေသည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

IU နှင့် Yeo Jin Goo ကိုအတူတူ ပြန်တွေ့ချင်သည့် ပရိတ်သတ်ကြီး အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်နေမှာပါ။ သူတို့နှစ်ဦး ပါဝင်သည့်အပိုင်း ထွက်ရှိလာလျှင်လည်း အားပေးလိုက်ကြပါဦးနော်။ အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share