Categories: Celebrity News

Online Fan Meeting ပြုလုပ်ပေးမည့် မင်းသား Jung Kyung Ho

မင်းသား Jung Kyung Ho ဟာ ဇူလိုင်လ ၂ရက်နေ့မှာ သူ့၏ Official YouTube channel မှ အွန်လိုင်း Fan meeting တစ်ခုပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။ Covid ကြောင့် အပြင်မှာပရိတ်သတ်များနှင့်အတူ Fan Meeting မလုပ်နိုင်တာကြောင့် သူ့ရဲ့Official YouTube Channel ကနေ Live လွှင့်ပြီး ပရိတ်သတ်များကို နှုတ်ဆက်မယ်လို့ သိရပါတယ်။

ဒီလိုအခွင့်အရေးမျိုးဟာ နိုင်ငံတကာမှပရိတ်သတ်များအတွက်တော့ အထူးကောင်းမွန်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ဘာကြောင့်ဆို အပြင်မှာ Fan meeting တစ်ခုပြုလုပ်လျှင်တောင့် အကြောင်းအမျိုးမျိုးကြောင့် ပရိတ်သတ်တိုင်းက အနုပညာရှင်များကို လာမတွေ့နိုင်လို့ပါ။

ယခုကဲ့သို့ Online မှ နှုတ်ဆက်မည်ကျတော့ လူတိုင်း၊ပရိတ်သတ်တိုင်း ပါဝင်နိုင်လို့ပင် ဖြစ်ပါတယ်။ ဒါ့အပြင် Live မှရရှိမည့် အကျိုးအမြတ်အားလုံးအတွက်ကို လှူဒါန်းသွားမယ်လို့လည်း မင်းသားက အသိပေးထားပါတယ်။

ပရိတ်သတ်များကိုလည်း လက်ဆောင်ပြန်ပေးမည့် အစီအစဉ်များလည်း ပါဝင်သည်ဟု သိရပါတယ်။TVN မှထုတ်လွှင်ခဲ့သည် Hospital Playlists ဇာတ်လမ်းတွဲအပြီး Jung Kyung Ho ၏ပထမဆုံးအနေနှင့် ပြုလုပ်သည့် Fan Meeting ဖြစ်သည့်အတွက်လည်း ပရိတ်သတ်များက ရင်ခုန်နေကြပါတယ်။

Fan Meeting မှာတော့ မင်းသားက သူနှင့်ပက်သက်သည့် အကြောင်းအရာတွေ၊ ပရိတ်သတ်များနှင့် အမေး၊အဖြေ အစီအစဉ်များ၊ လက်တလောသူဘာတွေ လုပ်နေသလဲ စသည့်အကြောင်းအရာများကို ထည့်သွင်း ပြောကြားသွားမယ်လို့ ပြောထားပါတယ်။

Fan Meeting ကိုတော့ ဇူလိုင်လ ၂ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည၈နာရီတွင် Official YouTube Channel (Kyungho Jung – OFFICIAL) မှ ထုတ်လွှင့် သွားမှာပဲ ဖြစ်ပါတယ်။

Source: Starbiz
Written: Phoo Phoo

Share