Categories: Celebrity News

July လ အတွင်းမှာ မျှော်လင့်ထားရမယ့် Comeback/Debut များ

ဇူလိုင်လကတော့ နာမည်ကျော် idol တွေရဲ့ comeback တွေ sub-unit debut တွေနဲ့ ပြည့်နေတာမို့ music chart တွေမှာလဲ အပြင်အဆိုင်နဲ့ ကြည့်ကောင်းဦးမှာပါ။ ပရိတ်သတ်တွေ မျှော်လင့်ထားရမယ့် comebck နဲ့ debut တွေကတော့

EXO-SC


EXO ရဲ့ Chanyeol, Sehun တို့နှစ်ယောက်ဟာ sub-unit အဖြစ် ပွဲဦးထွက်ပြီး ပထမဆုံး full album (1 Billion Views) ကို ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖြန့်ချိတော့မှာပါ။ အရင်ထွက်ရှိခဲ့တဲ့ သီချင်းတွေကကလဲ အရမ်းအောင်မြင်ထားတာမို့ ဒီတစ်ခေါက်လဲ အများကြီးမျှော်လင့်ထားရမှာပါ။

Zico


Any Song သီချင်းနဲ့ chart တွေကိုသိမ်းပိုက်ဖူးတဲ့ Zico ကတော့ ဇူလိုင် ၁ ရက်နေ့မှာ ‘Random Box’ ဆိုတဲ့ mini album ထွက်ရှိမှာပါ။ Title track ဖြစ်တဲ့ summer hate မှာလဲ သူနဲ့ I-Land အစီအစဉ်မှာ နည်းပြအဖြစ်အတူပါဝင်နေတဲ့ ‘Rain’ ပါဝင်သီဆိုထားပါတယ်။

Red Velvet (IRENE & SEULGI)


Red Velvet အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Irene နဲ့ Seulgi ဟာ ပထမဆုံးအကြိမ်အနေနဲ့ sub-unit အဖြစ်ပွဲဦးထွက်လာတော့မှာပါ။ သူတို့ရဲ့ပထမဆုံး mini album ဖြစ်တဲ့ ‘Monster’ ကိုတော့ ဇူလိုင် ၆ ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။

Gfriend


သီချင်းတစ်ပုဒ်ထွက်ပြီးတိုင်း အောင်မြင်မှုတွေပိုပိုရလာတဲ့ Gfriend ကလဲ ဇူလိုင် ၁၃ ရက်နေ့မှာပဲ ‘Song of the Sirens’ ဆိုတဲ့ mini album နဲ့ ပြန်လာတော့မှာပါ။ ဒီနောက်ပိုင်း concept အမိုက်စားတွေချပြလာတာမို့ ဘယ်လို concept နဲ့လာမလဲ ရင်ခုန်စရာပါ။

SF9


မိန်းကလေးပရိတ်သတ်တွေရဲ့ အသဲစွဲ SF9 ကတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ‘9loriousUS’ ဆိုတဲ့ mini album နဲ့ ပရိတ်သတ်ရှေ့ပြန်ရောက်လာတော့မှာပါ။ Title သီချင်းကတော့ Summer Breeze လို့ အမည်ပေးထားပါတယ်။

Chungha


Soloist အနေနဲ့ လျှမ်းလျှမ်းတောက်နေတဲ့ Chungha ကလဲ သူ့ရဲ့ pre-release single ကို ဇူလိုင် ၆ ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။ သီချင်းတိုင်း ပရိတ်သတ်ပါးစပ်ဖျားရေပန်းစားတာမို့ ဒီတစ်ခါလဲ အောင်မြင်ဦးမှာပါ။

Jung Eunji


Apink အဖွဲ့ဝင်အဖြစ်ရော တစ်ကိုယ်တော်အနေနဲ့ပါ ကျော်ကြားနေတဲ့ Eunji ဟာလဲ ဇူလိုင် ၁၅ ရက်နေ့မှာ သူ့ရဲ့ solo comeback ရှိကြောင်း ကြေညာထားပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေ ကြားရဦးမှာပါ။

Jung Sewon


အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေဆိုတတ်တဲ့ soloist လေး Jung Sewon ကလဲ ဇူလိုင် ၁၄ ရက်နေ့မှာ သူ့ရဲ့ပထမဆုံး full album ဖြစ်တဲ့ 24′ Part 1 ကို ပရ်ိတ်သတ်ဆီ အရောက်ပို့တော့မှာပါ။

SSAK3


ပရိတ်သတ်အချစ်တော် MC Yoo Jae Suk ရယ် ဂီတလောကရဲ့ ဘုရင်နှစ်ဆူဖြစ်တဲ့ Rain နဲ့ Lee Hyori တို့ဟာလဲ SSAK3 ဆိုတဲ့ unit group အနေနဲ့ ဇူလိုင် ၁၈ ရက်နေ့မှာ ပွဲဦးထွက်မှာပါ။ သေချာအချိန်ယူပြင်ဆင်ထားတာမို့ MC Yoo ရဲ့ ထိပ်တန်းနှစ်ယောက်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ အကစွမ်းရည်ကို မြင်ရတော့မှာပါ။

source : soompi
written : Dar Dar

Share