Categories: Celebrity News

” A Love So Beautiful” ကို ကိုရီးယား version အနေနဲ့ မြင်တွေ့ခွင့်ရတော့မယ်

ဆယ်ကျော်သက်အရွယ်ရဲ့ နူးညံ့တဲ့ အချစ်ကို ပုံဖော်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲ “A love So Beautiful” ကို ကိုရီးယား version အနေနဲ့ မြင်တွေ့ခွင့်ရတော့မှာပါ။

ဇူလိုင်လ ၁ ရက်နေ့ မနက်မှာတော့ SPOTV က ဒီသတင်းကို ထုတ်ပြန်ပေးသွားပါတာ ဖြစ်ပါတယ်။ Korean remake “A Love So Beautiful” ကို Kakao M မှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး အပိုင်းတစ်ပိုင်းစီကို မိနစ် ၂၀ ခန့် ထုတ်လွှင့်ပြသသွားမှာပါ။

Korean Remake အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပီ ဖြစ်ပေမယ့် အဓိက ဇာတ်ကောင်တွေ ဖြစ်တဲ့ Hu Yitian နဲ့ Shen Yue တို့နေရာမှာ ဘယ်သူတွေပါဝင် သရုပ်ဆောင်သွားမယ်ဆိုတာတော့ အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။

“A Love So Beautiful” ကတော့ ကျောင်းသားလေး Hu Yitian နဲ့ ကျောင်းသူလေး Shen Yue တို့ရဲ့ ချစ်စရာ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းမေတ္တာ၊ ချစ်ချင်းမေတ္တာတွေနဲ့ အထက်တန်းကျောင်းသားဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ဖော်ကြူးထားတဲ့ တရုတ်ဇာတ်လမ်းတွဲကကောင်းတစ်ခု ဖြစ်ပါတယ်။

မူရင်းဇာတ်လမ်းတွဲကို Netfix Korea မှာလည်း ပြသခဲ့တာဖြစ်ပြီး ကိုရီးယား ပရိသတ်တွေကတော့ ကိုရီးယားမှ အောင်မြင်လူကြိုက်များတဲ့ “Reply Series” တွေရဲ့ တရုတ် version ဆိုပြီး တင်စားခဲ့ကြပါတယ်။

မူရင်း တရုတ် version မှာ လွန်စွာ လူကြိုက်များခဲ့တဲ့ ” A Love So Beautiful” ကို ဘယ်လို ကိုရီးယား version အဖြစ် အသက်သွင်းကြမလဲ ဆိုတာကို ရန်ခုန်စွာ စောင့်မျှော်ကြရအောင်နော်။

Source: Koreaboo
Written: Gyi Gyi

Share