Categories: Celebrity News

ဂျွန်လရဲ့ စတုတ္ထအပတ်မှာ ပရိတ်သတ်ပါးစပ်ဖျား ရေပန်းအစားဆုံး ကိုရီးယားသရုပ်ဆောင်များ

ကိုရီးယားအင်တာနက်သုံးစွဲသူတွေရဲ့ blogs တွေ လူမှုကွန်ယက်တွေမှာ လူထုစိတ်ဝင်စားမှုအများဆုံး လူပြောအများဆုံး သရုပ်ဆောင်တွေကို စာရင်းပြုစုလိုက်တဲ့အခါမှာတော့ ဒီသရုပ်ဆောင်တွေဟာ အစဉ်အတိုင်းရပ်တည်နေပါတယ်။

၁။ Kim Soo Hyun

ဇာတ်လမ်းတွဲလက်ခံရိုက်ကူးမှုကို အတန်ကြာရပ်နားထားပြီး လက်ရှိမှာ It’s Okay To Not Be Okay ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုထပ်မံဆွတ်ခူးနေတဲ့ Kim Soo Hyun ကတော့ လက်ရှိမှာ ရေပန်းအစားဆုံး အနုပညာရှင်ဖြစ်ပါတယ်။

၂။ Seo Ye Ji

It’s Okay To Not Be Okay ဟာ လူထုစိတ်ဝင်စားမှုမြင့်တက်လာတာနဲ့အမျှ Seo Ye Ji ရဲ့ နဂိုရှိပြီးသားအောင်မြင်မှုကလဲ ပိုအရောင်တောက်လာပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုနဲ့ ဖက်ရှင်တွေဟာ အရမ်းကို လူပြောများနေတာပါ။

၃။ Kim Yoo Jung

ဝေဖန်မှုတွေမြင့်တက်ခဲ့ပေမယ့် အောင်မြင်တဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ Backstreet Rookie မှာ ပါဝင်တဲ့ Kim Yoo Jung ရဲ့အလှဟာ လူတိုင်းရဲ့အာရုံကိုဖမ်းစားခဲ့တာကြောင့် အရမ်းပေါ်ပြူလာဖြစ်နေပါတယ်။

၄။ Lee Sang Yi

တောင်ကိုရီးယားမှာ လူကြိုက်များလှတဲ့ မိသားစုဒရမ်မာဖြစ်တဲ့ Once Again ရဲ့ သရုပ်ဆောင်တွေကလဲ လက်ရှိမှာပရိတ်သတ်အားပေးမှုအရမ်းများနေသလို ထိုအထဲမှာ ရေပန်းအစားဆုံးကတော့ Lee Sang Yi ဖြစ်ပါတယ်။

၅။ Lee Cho Hee

နာမည်ကျော်ဒရမ်မာပေါင်းများစွာမှာ ပရိတ်သတ်အားပေးမှုရရှိခဲ့သလို အခုလဲ Once Again ဇာတ်လမ်းတွဲနဲ့ ကိုရီးယားပရိတ်သတ်ရဲ့ အချစ်တွေကိုခံယူနေရတဲ့ Lee Cho Hee ကတော့ နံပါတ် ၅ နေရာမှာရပ်တည်နေပါတယ်။

၆။ Han Yeri

My Unfamiliar Family ဇာတ်လမ်းတွဲဟာလဲ ကိုရီးယားမှာ ကြည့်ရှုနှုန်းမြင့်ပြီး အောင်မြင်တာမို့ ထိုဇာတ်လမ်းတွဲရဲ့ မင်းသမီး Han Yeri ဟာလဲ တစ်ဟုန်ထိုးအောင်မြင်လာပြီး ပေါ်ပြူလာဖြစ်လာပါတယ်။

၇။ Jang Nara

ဆယ်စုနှစ်ကျော်ကြာ အောင်မြင်တဲ့မင်းသမီးတစ်လက် ဖြစ်ပြီး လက်တလောမှာလဲ Oh My Baby ဇာတ်လမ်းတွဲကို ရိုက်ကူးနေတဲ့ Jang Nara ရဲ့အရွယ်တင်မှုနဲ့ ချစ်စရာကောင်းမှုကိုလဲ ကိုရီးယားပြည်သူတွေပြောမဆုံး ဖြစ်နေပါတယ်။

၈။ Yook Seung Jae

Mystic Pop-Up Bar ဆိုတဲ့ စိတ်ဝင်စားစရာဒရမ်မာလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Yook Seung Jae ဟာလဲ သူ့ရဲ့ထုံးစံအတိုင်း ရေပန်းစားနေပြန်ပါတယ်။ အခုတော့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေပါတယ်။

၉။ Park Hae Jin

Kkondae Intern ဇာတ်လမ်းတွဲဟာ သူရိုက်ကူးခဲ့တဲ့ အခြားဇာတ်လမ်းတွဲတွေပဲ အောင်မြင်မှုရရှိတာကြောင့် သူ့ရဲ့ရေပန်းစားမှုကလဲ အရင်လိုပဲပေါ်ပြူလာဖြစ်နေပါတယ်။ ကိုရီးယားပရိတ်သတ်တွေ ချစ်ကြတဲ့မင်းသားပါ။

၁၀။ Hwang Jung Eum

Mystic Pop-Up Bar ကို ရိုက်ကူးခဲ့ကာ လူကြိုက်များခဲ့ပြီး မကြာခင်မှာလဲ To All The Guys Who Loved Me ဆိုတဲ့ ဇာတ်လမ်းတွဲကို ချက်ချင်းရိုက်ကူးမှာမို့ နောက်အပတ်တွေမှာ ပိုလို့တောင် ရေပန်းစားလာဦးမှာပါ။

written: Dar Dar

Share