Categories: Celebrity News

Park Bo Young ရိုက်ကူးမည့် Collapse (Destruction) ဇာတ်လမ်းတွဲတွင် Seo In Guk ပါဝင်ရန် ကမ်းလှမ်းခံရ

မင်းသား Seo In Guk ဟာ တောင်ကိုရီးယားနာမည်ကြီး မင်းသားတစ်လတ်ပဲ ဖြစ်ပါတယ်။ သူ့၏ နောက်ဆုံးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲကတော့ The Smile Has left Your eyes ပဲ ဖြစ်ပါတယ်။ ထိုနောက်ပိုင်းတွင်တော့ Seo In Guk ဟာ Drama အသစ်ဆက်လက်ရိုက်ကူးထားခြင်း မရှိသေးပါဘူး။

ယခုတွင်တော့ Seo In Guk ဟာ Park Bo Young ပါဝင်သရုပ်ဆောင်မည့် Collapse ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရန်ကမ်းလှမ်းခံထားရပါတယ်။ မင်းသားနှင့် သူ့၏အေဂျင်စီကတော့ တစုံတရာမှ ပြန်လည်အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

မင်းသားကိုလည်း အဆိုပါကမ်းလှမ်းမှုကို လက်ခံရန်ပရိတ်သတ်များက မျှော်လင့်နေကြပါတယ်။ Collapse (Destruction) ဇာတ်လမ်းတွဲကိုတော့ ၂၀၁၈ခုနှစ်တွင် JTBC မှထုတ်လွှင့်ခဲ့သော Beauty Inside ဇာတ်လမ်းတွဲ၏ စာရေးဆရာမှ ဖန်တီးရေးသားမှာပဲ ဖြစ်ပါတယ်။

Seo In Guk အနေနှင့်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်း ဇာတ်လမ်းတွဲအသစ် မထွက်ရှိသေးသောကြောင့် ပရိတ်သတ်များက သူ့၏သရုပ်ဆောင်ချက်များကို လွမ်းနေကြပါပြီ။

Seo In Guk သာကမ်းလှမ်းမှုကို လက်ခံလိုက်လျှင်တော့ အဆိုပါဇာတ်လမ်းတွဲမှာ ဘယ်လို character ၊ ဘယ်လိုသရုပ်ဆောင်ချက်တွေနှင့် ပရိတ်သတ်ရှေ့ ပြန်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ လတ်တလောတွင်တော့ Seo In Guk ပါဝင်သရုပ်ဆောင်ထားသည့် Pipeline ရုပ်ရှင်လည်း ထွက်ရှိတော့မှာပါ။

Source: Naver
Written: Phoo Phoo

Share