Categories: Celebrity News

K-Pop Boy Group တွေရဲ့ အချစ်တော် အငယ်ဆုံးဗိုလ် “Maknae on Top” လေးများ

K-Pop အဖွဲ့တွေမှာ Maknae လို့ခေါ်တဲ့ အငယ်ဆုံးလေးတွေ ရှိကြပါတယ်။ အငယ်ဆုံးလေးတွေဖြစ်လို့ ဘာမှလုပ်ပိုင်ခွင့်မရှိ၊ အစ်ကိုတွေနောက်ပဲ လိုက်ရလိမ့်မယ်လို့မထင်ကြပါနဲ့နော်။

အငယ်ဆုံး Maknae လေးတွေကို အစ်ကိုတွေက ချစ်လွန်းလို့ ဦးစားပေးထားကြတဲ့ အဖွဲ့တွေရှိပါတယ်။ ဒီလိုမျိုးကိုတော့ “Maknae on Top” လို့ ခေါ်ယူကြပါတယ်။ အငယ်လေးတွေက အလိုလိုက်ခံရလို့ ဗိုလ်လုပ်နေကြတာပေါ့။

မကြာသေးမီက netizen တစ်ယောက်က “막내온탑” ( Maknae on Top) လို့စာရိုက်ရှာဖွေတဲ့အခါမှာတော့ ဒီအငယ်ဆုံးလေးတွေ ထွက်လာပါတယ်တဲ့။ ဒါ့ကြောင့် ခုဖော်ပြပေးမယ့် ၆ ယောက်ဟာ လူပြောများကြတဲ့ “Maknae on Top” လေးတွေပေါ့နော်။

6. Yugyeom (GOT7)


Yugyeom ကို ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူကတော့ GOT7 ရဲ့ maknae လေးပေါ့။ အမြဲတက်ကြွနေတဲ့ Yugyeom ဟာ အဖွဲ့ရဲ့ အစ်ကိုတွေကို အစသန်ပြီး အမြဲရယ်အောင်လုပ်နိုင်တဲ့ သူပါ။ အဖွဲ့ထဲမှာအရပ်အရှည်ဆုံး ဖြစ်တဲ့အတွက် အစ်ကိုတွေကို အရပ်နဲ့ပတ်သက်ပြီးလည်း စနောက်နေတတ်ပါတယ်။ GOT7 အစ်ကိုတွေရဲ့ မနိုင်စိန် ကလေးကြီးပေါ့။

5. Ryeowook (Super Junior)


Ryeowook ကိုတော့ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အငယ်ဆုံးဖြစ်တဲ့ Kyuhyun နဲ့လည်း အသက်မတိမ်းမယိမ်း ဖြစ်တဲ့အတွက် အစ်ကိုတွေက Maknae လို့ပဲ ဆက်ဆံကြပါတယ်။ Super Junior အစ်ကိုတွေအပေါ် ချစ်စဖွယ် စွာတတ်တဲ့ Maknae on Top ပါပဲ။

4. Dino (SEVENTEEN)


Dino ကိုတော့ 1999 ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Dino ဟာ အမြဲကြိုးစားတက်ကြွတဲ့ သူဖြစ်တယ်ဆိုတာ SEVENTEEN ရဲ့ Variety shows တွေကိုကြည့်ရင် မြင်နိုင်ပါတယ်။ ဒီလိုကြိုစားတဲ့ Dino ကို SEVENTEEN အဖွဲ့ဝင်အစ်ကို တွေကလည်း ဦးစားပေး ချစ်ကြပါတယ်။

3. Sehun (EXO)


Sehun ကိုတော့ ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Debut စထွက်ကတည်းက အမြဲ တည်ငြိမ်အေးဆေးတဲ့ ပုံရိပ်ရှိတဲ့ Sehun ဟာ အစ်ကိုတွေကိုတော့ စနောက်တတ်တဲ့ ချစ်စရာ အမူအကျင့်လေးတွေရှိပါတယ်။ EXO အဖွဲ့ဝင်အစ်ကိုတွေကလည်း Sehun ရဲ့စနောက်မှုတွေကို ချစ်စနိုးနဲ့ လက်ခံပေးကြပြီး ဗိုလ်ကျခွင့်ရထားတဲ့ Maknae on Top ပါပဲ။

2. Kyuhyun (Super Junior)


Kyuhyun ကိုတော့ ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ “Evil maknae” ဆိုပြီးလည်း ထင်ရှားတဲ့သူတစ်ယောက်ပါ။ စကားတတ်တဲ့ Kyuhyun ဟာ အစ်ကိုတွေကို စနောက်ပြီး အချစ်တွေရထားတဲ့ Maknae တစ်ယောက်ပါပဲ။

1. Jungkook (BTS)


Jungkook ကို ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အစ်ကိုတွေနဲ့ အတူတူ Trainee ဖြစ်ခဲ့တဲ့ Jungkook ဟာ အစ်ကိုတွေရှေ့မှာပဲ ကြီးပြီးလာတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါ့ကြောင့် အစ်ကိုတွေရဲ့ မျက်လုံးထဲမှာ ကလေးလိုပဲမြင်တာမဆန်းပါဘူး။ တစ်မျိုးပြောရရင် အစ်ကိုတွေ ဦးစားပေးထားတဲ့ “Maknae on Top” တစ်ယောက်ပါ။

Source: Koreaboo
Written: Gyi Gyi

Share