Categories: Celebrity News

အိမ်ကြီးအိမ်ကောင်းများကို ပိုင်ဆိုင်ထားသည့် Young & Rich ဆိုပြီးနာမည်ကြီးသည့် Kpop Idol များ

Mnet ၏ TMI news မှမကြာသေးမီကပင် ငယ်ငယ်ရွယ်ရွယ်နှင့် ချမ်းသာပြီး တန်ဖိုးကြီးအိမ်များတွင် နေထိုင်သည့် Kpop Idol စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။သူတို့တွေကတော့…

1.Sunmi


Wonder Girls အဖွဲ့ဝင် အဖြစ်အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့သော Sunmiဟာဆိုရင် အခုဆိုရင်လည်း Solo Artist တစ်ဦးအနေနှင့် ရပ်တည်နေပါပြီ။သူမ၏ တန်ဖိုးကြီးအိမ်ကတော့ ဆိုးလ်မြို့၊ Daechi-dong ရပ်ကွက်မှာ တည်ရှိပါတယ်။ အိပ်ခန်းသုံးခန်းပါရှိသည့် နာမည်ကြီး apartment တစ်ခုပဲဖြစ်ပါတယ်။တန်ဖိုးအားဖြင့်တော့ (1million USD) ကျော်ပါတယ်လို့ ပြောသွားပါတယ်။

2.YoonA(Girls’ generation)


Girls’ generation အဖွဲ့ဝင် YonnA ကတော့ သူမရဲ့ နန်းတော်ကြီးနှင့်တူသည့် apartment တွင်နေထိုင်ပါတယ်လို့သိရပါတယ်။ တစ်ယောက်နေအိမ်တစ်ခုဖြစ်သော်လည်း အိပ်ခန်းကျယ်လေးခု ပါဝင်ပြီး နာမည်ကြီးပန်းခြံ သုံးခု၏အနီးအနားတွင် ရှိတယ်လို့ သိရပါတယ်။ တန်ဖိုးနှုန်းကတော့ (2million USD) ရှိပါတယ်။

3.Yunho (TVXQ)


TVXQ အဖွဲ့ဝင်ဖြစ်သည့် Yunho ကတော့ Seocho-dong ရပ်ကွက်၊ ဆိုးလ်မြို့တွင် Mansion(မန်းရှင်း) တစ်ခုပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အိမ်၏ Interior design ကိုတော့ ခေတ်ဟောင်းပုံစံမျိုး အပြင်အဆင်ထာရှိပြီး အိပ်ခန်း၅ခန်းနှင့် ရေချိုးခန်းသုံးခန်းပါဝင်တယ်လို့ သိရပါတယ်။ အိမ်၏ဈေးနှုန်းကတော့ (2.3million USD) တန်ဖိုးရှိပါတယ်။

4.Taemin (SHINee)


SHINee အဖွဲ့ဝင် Taemin တစ်ယောက်တည်း နေထိုင်သည့် အိမ်ကတော့ ဆိုးလ်မြို့၊ Cheongdam-dong ရပ်ကွက်တွင် တည်ရှိပါတယ်။ သူ့၏အိမ်ဟာ view ကောင်းမွန်စွာရရှိသော နေရာတွင်ရှိပြီး ဇိမ်ခံအိမ်အမျိုးအစား တစ်ခုဖြစ်ပဲ ဖြစ်ပါတယ်။ အိမ်၏လက်ရှိပေါက်ဈေးကတော့ (2.6million USD) တန်ကြေးရှိတယ်လို့ သိရပါတယ်။

5.G-Dragon (Big Bang)


Kpop လောက၏ Legendary ကြီးလို့ခေါ်လို့ရသည့် G-Dragon ကတော့ Young & Rich စာရင်းမှာ မပါမဖြစ်ပါ။သူ့၏အိမ်ကတော့ ဆိုးလ်မြို့၊ Seongsu-dong ရပ်ကွက်တွင် တည်ရှိပါတယ်။

အိမ်၏ဈေးနှုန်းကတော့ (2.7million USD) တန်ကြေးရှိပြီး တန်ဖိုးကြီးပန်းချီကား များစွာနှင့်လည်း အိမ်ကိုအလှဆင်ထားပါတယ်။အဆိုပါပန်းချီကားများ၏ ဈေးနှုန်းကိုပါ ထည့်တွက်လျှင် အိမ်တန်ဖိုး၏ နှစ်ဆဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။

6.IU


ပရိတ်သတ်များရဲ့ အချစ်တော်လေး IU ကတော့ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်ကျော်ကြားပြီး ချမ်းသာသော Idol တစ်ဦးပဲ ဖြစ်ပါတယ်။သူမရဲ့အိမ်ကတော့ ဆိုးလ်မြို့ကို View အကောင်းဆုံးမြင်ရသည့် apartment တစ်ခုထဲတွင်ပါဝင်ပါတယ်။

နေထိုင်မည့်အထပ်နှင့်လိုက်၍ ဈေးနှုန်းများလည်း ကွားခြားပါတယ်။ သူမရဲ့အိမ်ကတော့ အမြင့်ဆုံးအထပ်မှာ ရှိတယ်လို့သိရပါတယ်။ တန်ဖိုးအနေနဲ့ကတော့ (2.7million USD) တန်ကြေးရှိပါတယ်။

7.Krystal


f(x) အဖွဲ့ဝင် ဖြစ်သည့် Krystalကလည်း ဈေးကြီးသော အိမ်ကိုပိုင်ဆိုင်ထားသည့် Idol တစ်ဦးပါ။ သူမ၏အိမ်ငတော့ Heukseok-dong ရပ်ကွက်၊ ဆိုးလ်မြို့တွင်တည်ရှိပါတယ်။ အိမ်တန်ဖိုးကတော့ (2.8 million USD)တန်ဖိုးရှိပါတယ်။

8.Taecyeon (2PM)


2PM အဖွဲ့ဝင် Taecyeon ၏အိမ်ကတော့ Sinsa-dong ရပ်ကွက်၊ဆိုးလ်မြို့တွင် တည်ရှိပါတယ်။ တန်ဖိုးကတော့ (3.2 million USD) ရှိတယ်လို့ ပြောကြားထားပါတယ်။

9.Suzy


Suzy ကတော့ kpop idol အမျိုးသမီးများထဲမှ တန်ဖိုးအကြီးဆုံး အိမ်ကိုပိုင်ဆိုင်ထားသော Idol အဖြစ်လူတိုင်း သိကြပါတယ်။ European စတိုင်အပြင်အဆင်မျိုးရှိပြီး အထဲရောက်သွားလျှင်လည်း လူချမ်းသာများနေသည့် သီးသန့်ရပ်ကွက်တစ်ခုလို ဖြစ်နေပါတယ်တဲ့။

အိမ်၏တန်ကြေးကတော့ (3.2 million USD) တန်ပါတယ်။ ထို့အပြင် Suzy ဟာနောက်ထပ် အိမ်တစ်လုံးကိုလည်း ထပ်မံဝယ်ထားပါသေးတယ်။ အဆိုပါအဆောက်အဦးမှာလည်း (4.5 billion won) တန်ကြေးရှိတယ်လို့ သိရပါတယ်။

10.Leeteuk (Super Junior)


Super Junior အဖွဲ့ဝင် Leeteuk ကတော့ တောင်ကိုရီးယား အနုပညာရှင်များ အနေများသည့် ဆိုးလ်မြို့၊ Seongsu-dong ရပ်ကွက်တွင် ရှိပါတယ်။ အိမ်၏တန်ဖိုးကတော့ ပျမ်းမျှငွေကြေး (3.5 million USD) တန်ဖိုးရှိပါတယ်။

Source: kpopstars
Written: Phoo Phoo

Share