Categories: Celebrity News

မန်နေဂျာရဲ့ ဖော်ထုတ်ပြောကြားချက်တွေကြောင့် တောင်းပန်စကားဆိုခဲ့ရတဲ့ မင်းသားကြီး Lee Soon Jae

ကိုရီးယားရုပ်ရှင်ခေတ်အဆက်ဆက် အနုပညာရှင်အနေနဲ့ ရပ်တည်ခဲ့ပြီး အများပြည်သူက လေးစားချစ်ခင်ကြတာကြောင့် Nation’s Grandfather လို့တောင် ခေါ်တွင်ကြတဲ့ မင်းသားကြီး Lee Soon Jae ကတော့ လက်တလောမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။

သူ့ရဲ့မန်နေဂျာဖြစ်သူဟာ မင်းသားကြီးဟာသူ့ကို စာချုပ်မှာပါဝင်တဲ့အလုပ်တွေအပြင် အိမ်အလုပ်တွေဖြစ်တဲ့ ရေသန့်ဘူးသယ်တာ အမှိုက်ပစ်တာအစရှိတဲ့ အိမ်အလုပ်တွေပါ ခိုင်းစေခဲ့ပြီး လစာကိုလဲ တစ်လကိုဝမ် ၁၈ သိန်းတည်းနဲ့ နှစ်လလုံးနေမှ နားရက် ၅ ရက်သာရခဲ့သလို့ မင်းသားကြီးရဲ့ဇနီးကလဲ မချေမငံပြောဆိုတယ်လို့ အသံဖိုင်တွေနဲ့တကွ လူထုကိုအသိပေးခဲ့ပါတယ်။

ဒီအသံဖိုင်တွေပျံ့လာပြီးနောက်ပိုင်း မင်းသားကြီး Lee Soon Jae တို့ဇနီးမောင်နှံနှစ်ဦးလုံး မန်နေဂျာကိုတောင်းပန်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီပြဿနာတွေကြီးထွားလာတဲ့အခါမှာ ထပ်မံတောင်းပန်ဖို့ ကြိုးစားခဲ့ပေမယ့် မန်နေဂျာဖြစ်သူက တောင်းပန်တာကိုလက်မခံခဲ့ဘူးလို့ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် Lee Soon Jae ကတော့ “ကျွန်တော့်ဘဝမှာ ဒါမျိုးပြဿနာတွေထဲ တစ်ခါမှမပါဝင်ခဲ့ဖူးပါဘူး။ အထင်လွဲနေကြတာတွေကိုဖြေရှင်းဖို့ သတင်းစာရှင်းလင်းပွဲ လုပ်ရမလားလို့ စဉ်းစားခဲ့ပေမယ့် ကျွန်တော့်ရဲ့ကျန်းမာရေးကလဲ မကောင်းသလို ဒီလိုကာလမှာ သတင်းထောက်တွေကို မစုဝေးစေချင်တာကြောင့် ဖျက်သိမ်းလိုက်ပါပြီ။”

“ကျွန်တော် Mr.Kim (မန်နေဂျာဟောင်း) ကို စိတ်ရင်းနဲ့တောင်းပန်ကြောင်း သူ့ကိုသိစေချင်ပါတယ်။ အကယ်၍တောင်းပန်တာမဟုတ်ပဲ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုခုရှိခဲ့ရင်လဲ ကျွန်တော့်ကိုတိုက်ရိုက် ပြောနိုင်ပါတယ်။ ကျွန်တော့်ရဲ့အမှားအတွက် အလုပ်သင့်ဆုံးကတော့ ကျွန်တော်ပါဝင်တဲ့ဇာတ်လမ်းရုပ်ရှင်တွေ ထိခိုက်မှုမရှိစေဖို့အတွက် နှုတ်ထွက်ပေးတာပါပဲ” လို့ တောင်းပန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ မန်နေဂျာကမင်းသားကြီးကို အပြစ်တင်ခဲ့တာဖြစ်ပေမယ့် ကိုရီးယားပြည်သူတွေကတော့ အသက် ၈၀ ကျော်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဒီလောက်အလုပ်လေးတွေကတော့ မခိုင်းရင်တောင် အလိုက်တသိလုပ်ပေးရမယ့်တာဝန်ဖြစ်တာမို့ မန်နေဂျာဖြစ်သူရဲ့လုပ်ရပ်ဟာ မိုက်ရိုင်းလွန်းတယ်လို့ ဝေဖန်နေကြပါတယ်။

source: lovekpop95
written : Dar Dar

Share