EXO ဟာ million seller အနေနဲ့စံချိန်တွေအခေါက်ခေါက်ချိုးနိုင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အခုတော့အဖွဲ့လိုက်အနေနဲ့စံချိန်ချိုးရတာအားမရလို့ အဖွဲ့ဝင်တစ်ဦးချင်းအနေနဲ့ပါ အမှီလိုက်လာနေပါပြီ။
မေလ ၂၅ ရက်နေ့က Baekhyun ရဲ့Delight အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာတော့ ချပ်ရေပေါင်း ၁,၀၁၈,၇၄၆ ချပ်ရေနဲ့ ၁၉နှစ်အတွင်း ပထမဆုံးစောင်ရေသန်းချီရောင်းရတဲ့ တစ်ဦးတည်းအဆိုရှင်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်က Kim Gun Mo ပြီးနောက်ဒီလိုရောင်းရတဲ့ Solo Artist လုံးဝမရှိခဲ့ပါဘူးနော်။
ပရိတ်သတ်တွေရဲ့အားပေးမှုကိုအသိအမှတ်ပြုတဲ့အနေနဲ့ Baekhyun က EXO ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ EXO-L တွေကိုကျေးဇူးတင်ပါတယ်လို့ အစချီတဲ့ ကျေးဇူးတင်လွှာလည်းတင်ခဲ့ပါသေးတယ်။
ပရိတ်သတ်ကိုပထမဆုံးသတိရပြီးအလေးထားပေးတဲ့ Baekhyun ရဲ့အောင်မြင်မှုအတွင်လည်းဂုဏ်ယူပြီး Baekhyunရော EXO တစ်ဖွဲ့လုံးရော ဒီထက်ပိုပြီးဆထက်ထမ်းပိုးအောင်မြင်ပါစေနော်။
source: soompi
written: helra