၂၀၁၉ ဒီဇင်ဘာလကပဲ YG Entertainment နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ အဆိုတော် Lee Hi ဟာ အချိန်တွေအများကြီးကြာပြီးမှ comeback အတွက် ပြင်ဆင်နေတယ်လို့ သတင်းမွှေးနေပါတယ်။ Lee Hi ရဲ့သီချင်းကောင်းတွေကို နားဆင်ဖို့မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။
အတွင်းသတင်းတွေအရ Lee Hi ဟာ Jay Park ရဲ့ ကိုယ်ပိုင် label ဖြစ်တဲ့ AOMG နဲ့ စာချုပ်ချုပ်ဆိုဖို့လုပ်ငန်းစဉ်တွေတော့ မပြီးဆုံးသေးပေမယ့် collbration သဘောမျိုး album သစ်ကို လက်တွဲဖန်တီးမှာပါ။ Lee Hi ရဲ့ပြိုင်စံရှားအသံနဲ့ AOMG ရဲ့ပူးပေါင်းမှုကို ပရိတ်သတ်တွေ အလွန်ကို မျှော်လင့်နေကြပါတယ်။
Lee Hi ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ No One သီချင်းဟာ အောင်မြင်မှုအကြီးအကျယ်ရခဲ့ပြီး album ထွက်ရှိခဲ့ချိန်ဟာ 2019 မေလကဖြစ်တာမို့ တစ်နှစ်တောင်ကြာနေပါပြီ။ ဇူလိုင်လအတွင်းမှာ comeback ဖို့ပြင်ဆင်နေပေမယ့် ရက်စွဲအတိအကျတော့ မထုတ်ပြန်သေးဘူးလို့ allkpop သတင်းဌာနကဖော်ပြထားပါတယ်။
source: allkpop
written: Dar Dar