Categories: Celebrity News

လတ်တလောထွက်ခဲ့သည့် Dating သတင်းနှင့် ပက်သက်၍ တောင်းပန်စာရေးခဲ့သည့် Taecyeon

ဇူလိုင်၁ရက်နေ့မှာ 2PM အဖွဲ့ဝင် Taecyeonဟာ သူ့၏ Instagram acc မှာ ထွက်ရှိခဲ့သည့် Dating သတင်းနှင့်ပက်သက်ပြီး ပို့စ်တင်ခဲ့ပါတယ်။ချစ်သူရသွားပြီဆိုတဲ့ သတင်းနှင့် ပက်သက်၍ စိတ်ပူနေတဲ့ ပရိတ်သတ်အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ Taecyeonရဲ့ စာထဲကအကြောင်းအရာတွေကတော့….

“ကျွန်တော်ရဲ့ ရုတ်တရက်ထွက်လာခဲ့တဲ့ dating သတင်းကြောင့် စိတ်ပျက်သွားတဲ့သူ၊ လန့်သွားတဲ့သူတွေ ရှိခဲ့ရင် တောင်းပန်ချင်ပါတယ်။ ဒီကိစ္စကို ပရိတ်သတ်ကို ကျွန်တော်အသိပေးချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ဘယ်ကနေစပြီး ပြောရမှန်းမသိလို့ အခုမှတရားဝင် စာရေးပြီး ပြောပါရစေ။

ကျွန်တော့်ကို လူအတော်များများက စိတ်ပူပေးနေကြပါတယ်။ ဒါကြောင့် စိတ်မပူကြပါနဲ့တော့လို့ ပြောပါရစေ။ သရုပ်ဆောင်တစ်ယောက်အနေနှင့်ရော၊ 2PM အဖွဲ့ဝင်တစ်ယောက် အနေနှင့်ပါ ပရိတ်သတ်ကို အကောင်းဆုံး ပေးဆပ်မှာပါ။ ကျွန်တော့်ကို ဆက်လက်ပြီး စောင့်ကြည့်အားပေးကြပါဦးနော်။

မပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ဘာပဲဖြစ်ဖြစ် ချစ်ခင်အားပေးနေတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားကာ စာကိုအဆုံးသတ်လိုက်ပါတယ်။ Taecyeon ၏သတင်းနှင့် ပက်သက်ပြီး အချို့ကိုစိတ်ပူနေကြတဲ့သူတွေရှိသလို၊ အချို့ကတော့လည်း အားပေးသဘောတူကြပါတယ်။

အရွယ်ရောက်ပြီးသား သူတစ်ယောက်မှာ ချစ်သူရည်းစာရှိတယ်ဆိုတာဟာ ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပါဘူး။ သို့သော် Celebrity တစ်ဦးအပေါ် မှာယွင်းသည့် အားပေးမှုမျိုးနှင့် အားပေးကြသည့် ပရိတ်သတ်များလည်း ရှိပါသေးတယ်။

ထိုသူများကတော့ Dating သတင်းနှင့် ပက်သက်၍ မကျေမနပ်နိုင်ဖြစ်နေတာတော့ အံသြစရာပါပဲ။ ဘာပဲဖြစ်ဖြစ် Taecyeon ကတော့ အားလုံးကိုတာဝန်ယူပြီး သူတောင်းပန်သင့်တယ်လို့ ထင်သည့်အတွက် အခုလိုတရားဝင်စာ ထုတ်ပြန်လိုက်တာပါ။

Source: Soompi
Written: Phoo Phoo

Share