Categories: Celebrity News

tvN Drama အသစ် ‘Vincenzo’ မှာ ပါဝင်သရုပ်ဆောင်ဖို့ Song Joong Ki နဲ့ Jeon Yeo Bin ကို ကမ်းလှမ်းထား

ဇူလိုင်လ ၂ ရက်နေ့မှာ ထွက်ရှိလာတဲ့ သတင်းတွေအရတော့ tvN ကရိုက်ကူးထုတ်လွှင့်မယ့် drama သစ်အတွက် မင်းသမီး Jeon Yeo Bin နဲ့အတူ မင်းသား Song Joong Ki ကိုပါ ကမ်းလှမ်းထားတယ်လို့ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ HiSTORY D&C က ထုတ်ပြန်လိုက်ပါတယ်။

ဇာတ်လမ်းတွဲရဲ့နာမည်ကတော့ ‘Vincenzo’ ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကိုမသိရသေးပေမယ့် ‘Good Manager’ နဲ့ ‘The Fiery Priest’ တို့ကို ရေးသားတဲ့ ဇာတ်ညွှန်းရေးဆရာ Park Jae Bum ရဲ့လက်ရာဖြစ်ပြီး ‘The Crowned Clown’ နဲ့ ‘Money Flower’ တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kim Hee Won ရဲ့လက်ရာဖြစ်မှာမို့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတော့ဖြစ်မှာပါ။

မင်းသမီး Jeon Yeo Bin ကတော့ ကမ်းလှမ်းချက်ကို ပြီးခဲ့တဲ့လကတည်းက ရရှိခဲ့တယ်လို့ ထုတ်ုပန်ထားပြီး ပါဝင်ဖို့ကိုဆွေးနွေးနေဆဲပါ။ မင်းသား Song Joong Ki ကလဲ Arthdal Cronicles အပြီး ဇာတ်လမ်းတွဲရိုက်ကူးမှုတွေ ရပ်နားထားတာမို့ လက်ခံမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

(Zawgyi) tvN Drama အသစ္ ‘Vincenzo’ မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ Song Joong Ki နဲ႔ Jeon Yeo Bin ကို ကမ္းလွမ္းထား

ဇူလိုင္လ ၂ ရက္ေန႔မွာ ထြက္ရွိလာတဲ့ သတင္းေတြအရေတာ့ tvN ကရိုက္ကူးထုတ္လႊင့္မယ့္ drama သစ္အတြက္ မင္းသမီး Jeon Yeo Bin နဲ႔အတူ မင္းသား Song Joong Ki ကိုပါ ကမ္းလွမ္းထားတယ္လို႔ မင္းသားရဲ့ေအဂ်င္စီျဖစ္တဲ့ HiSTORY D&C က ထုတ္ျပန္လိုက္ပါတယ္။

ဇာတ္လမ္းတြဲရဲ့နာမည္ကေတာ့ ‘Vincenzo’ ျဖစ္ၿပီး ဇာတ္လမ္းအက်ဥ္းကိုမသိရေသးေပမယ့္ ‘Good Manager’ နဲ႔ ‘The Fiery Priest’ တို႔ကို ေရးသားတဲ့ ဇာတ္ညႊန္းေရးဆရာ Park Jae Bum ရဲ့လက္ရာျဖစ္ၿပီး ‘The Crowned Clown’ နဲ႔ ‘Money Flower’ တို႔ရဲ့ ပဲ့ကိုင္ရွင္ ဒါရိုက္တာ Kim Hee Won ရဲ့လက္ရာျဖစ္မွာမို႔ ဆြဲေဆာင္မႈရွိတဲ့ ဇာတ္လမ္းေတာ့ျဖစ္မွာပါ။

မင္းသမီး Jeon Yeo Bin ကေတာ့ ကမ္းလွမ္းခ်က္ကို ၿပီးခဲ့တဲ့လကတည္းက ရရွိခဲ့တယ္လို႔ ထုတ္ုပန္ထားၿပီး ပါဝင္ဖို႔ကိုေဆြးေႏြးေနဆဲပါ။ မင္းသား Song Joong Ki ကလဲ Arthdal Cronicles အၿပီး ဇာတ္လမ္းတြဲရိုက္ကူးမႈေတြ ရပ္နားထားတာမို႔ လက္ခံမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

source: soompi
written: Dar Dar

Share