ကိုရီးယားရုပ်ရှင်တွေ ဒရမ်မာတွေကအချစ်အကြောင်း အလွမ်းအကြောင်းကိုနူးနူးညံ့ညံ့ပေါ်လွင်အောင်ဖော်ကျူးနိုင်တဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ပဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒါကြောင့်အခု ကိုရီးယားဒရမ်မာတွေထဲကမှ ရင်ထဲထိလွန်းလို့ တစ်ရှူးဆောင်ထားဖို့တောင်ပြောကြရတဲ့ ဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Moon Lovers (Scarlet Heart Ryeo)
IU နဲ့ Lee Jun Ki တို့အဓိကပါဝင်ထားပြီး Kang Ha Neul, Baekhyun စတဲ့နာမည်ကြီးအနုပညာရှင်တွေလည်းပါခဲ့တာမို့ နိုင်ငံတကာမှာတော်တော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ခုပါ။
ဇာတ်ဝင်တေးတွေကအစ လွမ်းလွမ်းဆွေးဆွေးနဲ့နားထောင်ကောင်းပြီး ရင်နင့်စရာဇာတ်သိမ်းကြောင့် ပရိတ်သတ်အချို့က ဒီဇာတ်လမ်းကြည့်ပြီး ၃လလောက် ဒရမ်မာထပ်မကြည့်နိုင်လောက်အောင် ခံစားခဲ့ရတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။
၂။ Goblin
နှစ်ထောင်ချီရှင်သန်နေတဲ့ မှင်စာနဲ့ သာမာန်ကျောင်းသူ မှင်စာသတို့သမီးလေးရဲ့ ဇာတ်လမ်းလေးပါ။ Gong Yoo ကမှင်စာအဖြစ် သရုပ်ဆောင်ခဲ့ပြီး Kim Go Eun ကမှင်စာရဲ့သတို့သမီးအဖြစ်ပါဝင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ မကောင်းတဲ့ကံကြမ္မာကသတ်မှတ်ထားပြီးသားဖြစ်ပေမယ့် ဒါကိုသူတို့နှစ်ယောက်ရဲ့အချစ်နဲ့ကျော်လွှားနိုင်ပုံနဲ့ အချစ်စစ်ရင် အချိန်ကာလတွေကအရေးမကြီးကြောင်း ဖော်ကျူးပြထားပါတယ်။
၃။ Reply 1988
၁၉၈၈ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ရပ်ကွက်တစ်ခုက ကလေးငါးယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ခေတ်ကာလအခြေအနေလူနေမှုပုံစံကိုအဓိကရိုက်ပြထားတဲ့ဇာတ်လမ်းလေးပါ။
မိသားစုအကြောင်းရိုက်ပြထားတာကလည်းသရုပ်ပါလွန်းပြီး ထုတ်လွှင့်မှုပြီးတဲ့အချိန် ဇာတ်လမ်းထဲကကလေးတွေလို့ ကိုယ့်ရဲ့လူငယ်ဘဝဆုံးရှုံးသွားသလိုခံစားရတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
၄။ Hi Bye, Mama!
Cha Yuri (Kim Tae Hee) ကသေဆုံးသွားခဲ့ပေမယ့်သူမရဲ့ဝိညာဉ်က သမီးလေးကိုအချိန်အကြာကြီးဘေးမှာစောင့်ရှောက်နေခဲ့တာပါ။ တစ်နေ့မှာလူပြန်ဝင်စားဖို့အခွင့်အရေးရခဲ့ပြီး သမီးလေးဘေးမှာလူသားအဖြစ်နေနိုင်အောင်ကြိုးစားပုံကိုရိုက်ကူးပြထားတာပါ။ လောကမှာသားသမီးကိုမချစ်တဲ့အမေမရှိလို့ ကြည့်ပြီးကိုယ်တိုင်တစ်စိမ့်စိမ့်ခံစားပြီး ငိုရမယ့်ဇာတ်လမ်းလေးပါ။
၅။ Chocolate
ဝမ်းနည်းရင်ချောကလက်စားတယ်ဆိုတဲ့ Moon Cha Yeong (Ha Ji Won) နဲ့ အကြောင်းအမျိုးမျိုးကြောင့်ချောကလက်မစားဘူးဆိုတဲ့ Lee Kang (Yoon Kye Sang)တို့နှစ်ယောက်အကြောင်းပါ။
Lee Kang ကအာရုံကြောအထူးကုတစ်ယောက်ဖြစ်ပြီး သူ့လူနာတွေရဲ့ဘဝဇာတ်ကြောင်းတွေနဲ့တင် ငိုရဖို့ထိုက်တန်ပါတယ်လို့ ပရိတ်သတ်တွေကပြောခဲ့ပါတယ်။
၆။ When the Camellia Blooms
Gong Hyo Jin နဲ့ Kang Ha Neul တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ Oh Dong Baek (Gong Hyo Jin) ကသူရဲ့ကလေးကိုတစ်ယောက်တည်းစောင့်ရှောက်နေတဲ့ မိန်းမချောလေးဖြစ်ပြီး ရဲတပ်သားလေး Yong Sik နဲ့ကြားက ချစ်ပုံပြင်လေးရယ် နယ်မြို့လေးက မြို့ခံတွေရဲ့ဘဝနဲ့ သူတို့ကြားက သံယောဇဉ်ဟာ ကြည့်ရှုသူတွေကို မွေးရပ်မြေကိုတမ်းတပြီး မျက်ရည်လည်စေခဲ့ပါတယ်တဲ့။
၇။ Encounter
Song Hye Kyo နဲ့ Park Bo Gum တို့ရဲ့ မနဲ့မောင်ဇာတ်လမ်းလေးပါ။ အဓိကဇာတ်ဆောင်တွေကနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ပြီး အထူးသဖြင့် Pqrk Bo Gum ဝမ်းနည်းနေချိန် လိုက်တောင်ငိုမိတယ်လို့တောင် ဝန်ခံထားတဲ့ပရိတ်သတ်တွေရှိလို့ ကြည့်ရှုသင့်တဲ့ အချစ်ဇာတ်လမ်းလေးပါ။
၈။ Hotel Del Luna
လနဲ့အကျိုးပေးတဲ့ IU ရဲ့ထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်လမ်းထဲက ဇာတ်ဆောင်တွေရဲ့ ဘဝဇာတ်ကြောင်းနဲ့တင် မျက်ရည်လည်ရသလို တစ်ခါတစ်ရံ ရယ်မောရပါတယ်။ သေသူနဲ့ ရှင်သန်နေသူကြားက ကွာဟချက်ကို လှစ်ပြထားတာမို့ ကြည့်ပြီးရင်အတွေးပေါင်းများစွာနဲ့ ကျန်ခဲ့မှာပါ။
source: cosmopolitan phillipine
written: helra