Categories: Celebrity News

A Love So Beautiful ကိုရီးယား Version အတွက်ကမ်းလှမ်းခံထားရသည့် Kim Yo Han နှင့် So Ju Yeon

2017ခုနှစ်မှာ တရုတ်နိုင်ငံမှာ အောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ A Love So Beautiful ကို ကိုရီးယားဗားရှင်းအနေနှင့် မြင်ရတော့မှာပါ။China ရဲ streaming Websites တွေမှာ ကြည့်ရှုသူပေါင်း ၅.၅ဘီလီယံကျော်ခဲ့သည့် မှတ်တမ်းဝင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

အခုလည်း ဒီဇာတ်လမ်းတွဲကို ကိုရီးယားသရုပ်ဆောင်များက ပြန်လည်သရုပ်ဆောင်၍ အသက်သွင်းကြတော့မှာပါ။ တောင်ကိုရီးယားရဲ့ ဇာတ်လမ်းအခင်းအကျင်းကို ပြောင်း၍ ပြန်လည်ရိုက်ကူးကြမှာပါ။

အောင်မြင်ခဲ့သောဇာတ်လမ်းတွဲတစ်ခု ဖြစ်သောကြောင့် Remake တွင်ပါဝင်ကြမည့် သရုပ်ဆောင်များကိုလည်း စိတ်ဝင်စားကြနေကြပါတယ်။ လတ်တလောတွင်တော့ ခေါင်းဆောင်မင်းသားနေရာကို Kim Yo Han အဖြစ်မှန်းထားပြီး၊ မင်းသမီးကိုတော့ So Ju Yeon ကိုမျက်စိကျနေကြပါတယ်။

So Ju Yeon ရဲ့အေဂျင်စီမှလည်း သူမဟာ ခေါင်းဆောင်မင်းသမီးနေရာအတွက် casting ရထားတယ်ပါတယ်လို့ အသိပေးလိုက်ပါတယ်။မင်းသမီးအဖြစ်လည်း ပါဝင်နိုင်ရန် အလားအလာများစွာ ရှိနေပါတယ်။ တဖက်တွင်လည်း Kim Yo Han ၏အေဂျင်စီမှ ” မင်းသားက ဇာတ်ညွှန်းကိုတော့ ရရှိထားပါပြီ။

အခုတော့ ဇာတ်လမ်းတွဲအတွက် ဆွေးနွေးနေပါတယ်။ အခုအချိန်မှာတော့ ဆွေးနွေးနေဆဲဖြစ်တဲ့အတွက် ဘာမှတော့အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး” ဟုအကြောင်းပြန်ထားပါတယ်။ ပရိတ်သတ်တွေကတော့ သူတို့နှစ်ဦးကို Casting အတည်ဖြစ်သွားဖို့ မျှော်လင့်နေကြပါတယ်။

Chemistry ကောင်းသည့် အတွဲတစ်တွဲ ဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ ပရိတ်သတ်ကြီးရော သူတို့နှစ်ဦးဟာ အဓိကဇာတ်ဆောင်နေရာနှင့် လိုက်ဖက်မှုရှိတယ်လို့ ထင်ပါသလား။ ကိုယ်ရဲ့ထင်မြင် ယူဆချက်များကို ဆွေးနွေးနိုင်တယ်နော်။

Source: Soompi
Written: Phoo Phoo

Share