ကိုရီးယားလူမျိုးတွေဟာ ပင်ကိုယ်လဲဖြူဖွေးတဲ့အသားအရည်ရှိကြသလို ကျားမမရွေး ငယ်စဉ်ကတည်းက အသားအရည်ထိန်းသိမ်းမှုတွေနဲ့ အသားကျခဲ့တာကြောင့် အပြစ်ကင်းတဲ့အသားအရည်ရှိကြပါတယ်။ ဒီ idol တွေကတော့ မိန်းကလေး idol တွေကတောင် ပြန်အားကျရလောက်အောင် အသားအရည်လှလွန်းတယ်လို့ နာမည်ကြီးသူတွေပါ။
EXO’s Suho
လူကြားထဲမှာ ထင်းနေတတ်တဲ့ အသားဖြူဖြူနဲ့ Suho ရဲ့အသားအရည်ကတော့ အပြစ်အနာအဆာကင်းလွန်းလို့ မိတ်ကပ်ဆရာတွေကတောင် ပြောမဆုံးဖြစ်ရပါတယ်။ အချို့မိန်းကလေး idol တွေထက်တောင် အသားလှပါတယ်တဲ့။
BTS Suga
ဖြူဖွေးတဲ့အသားအရောင်ရှိပြီး ဘယ်လောက်ပဲပင်ပန်းနွမ်းနယ်နေပါစေ သူ့အသားအရည်က ညစ်နွမ်းမသွားပါဘူး။ ဝက်ခြံပေါက်တာ ချွေးပေါက်ကျယ်တာ စတဲ့ပြဿနာတွေလဲ တစ်ခါမှမဖြစ်ဖူးတာကြောင့် မိန်းကလေးတွေကအားကျရတဲ့ ယောက်ျားလေးပါ။
NCT’s Jaehyun
Jaehyun ကိုမိတ်ကပ်မလိမ်းပေးပဲ စင်ပေါ်တင်လိုက်ရင်တောင် တောက်ပနေဦးမှာလို့ ပြောရလောက်တဲ့အထိပါပဲ။ iPhone camera နဲ့ အနီးကပ်ရိုက်ပြရင်တောင် အပြစ်ပြောစရာမရှိတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားသူပါ။
Shinee’s Key
အသက်မငယ်တော့တဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အသားအရည်ကတော့ လသားအရွယ်မှာရပ်နေသလားလို့ ထင်ရလောက်အောင်ကို နုမွတ်နေတဲ့ မျက်နှာကြောင့် ပရိတ်သတ်တွေရဲ့ အားကျမှုကို ခံယူနေရသူပါ။
Winner’s Jinu
အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်ပေမယ့် ချောမောတဲ့မျက်နှာလေးနဲ့ နုနယ်တဲ့အသားအရည်ကြောင့် အငယ်ဆုံးလို့ အထင်ခံနေရသူပါ။ ရိုးရိုးဖုန်းကင်မရာလေးနဲ့ ရိုက်တဲ့ပုံတွေမှာလဲ Jinu ဟာ glow နေတာပါပဲ။
GOT7’s Mark
အချိန်ပေးဂရုစိုက်စရာမလိုပဲ ပြီးပြည့်စုံတဲ့အသားအရည်လေးရဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုရင် Mark က အဲ့ဒီဆုကို မတောင်းပဲပြည့်သူပါ။ အလုပ်ချိန်မှာ မိတ်ကပ်တွေလိမ်းရပြီး ကိုယ်ပိုင်အချိန်မှာ ညဉ့်နက်တဲ့အထိ ဂိမ်းဆော့တတ်တဲ့ကြားက သူ့အသားအရည်က လုံးဝမထိခိုက်ပါဘူး။
ATEEZ’s Yeosan
ယောက်ျားလေး idol တွေထဲမှာမှ ထူးထူးခြားခြား ပန်းရောင်သန်းတဲ့ အသားအရည် ရှိသူပါ။ ဒီလောက်လှတဲ့ အသားအရောင်ကို မိန်းကလေး idol တွေဆီမှာတောင် မြင်ရခဲပါတယ်။ တကယ်အားကျစရာပါပဲ။
NU’EST’s Ren
နူးညံ့တဲ့အသွင်အပြင်ကြောင့် နာမည်ကြီးတဲ့ Ren ကိုတော့ သူ့ရဲ့ဖြူဝင်းစိုပြည်လွန်းတဲ့ အသားအရည်ကြောင့် မိန်းကလေးပရိတ်သတ်တွေဟာ သူ့ရှေ့မှာရပ်လိုက်ရင် သိမ်ငယ်သွားတယ်လို့တောင် နောက်ပြောင်ကြပါတယ်။
EXO’s Baekhyun
အလုပ်တာဝန်အရ မိတ်ကပ်တွေလိမ်းရပေမယ့် သူ့ရဲ့မျက်နှာပြောင်ကို ပြဖို့လက်မတွန့်သူဖြစ်ပြီး ယုံကြည်ချက်ရှိရလောက်အောင်လဲ သူ့ရဲ့အသားအရည်ဟာ အပြစ်ကင်းပြီး ကလေးလေးလိုပါပဲ။
Astro’s Cha Eun Woo
ဒီဘက်ခေတ်ရဲ့ ထိပ်တန်း visual တစ်ယောက်ဖြစ်တဲ့ Cha Eun Woo ကလဲ ရုပ်ရည်သာမက အသားအရည်ပါပြီးပြည့်စုံသူပါ။ ထူးထူးခြားခြားအားစိုက်ထုတ်စရာမလိုပဲနဲ့ကို သူ့အသားအရည်က ဝင်းလက်နေတာပါ။
source : metro style
written : Dar Dar