Categories: Celebrity News

K ဒရမ်မာတွေထဲက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Boss များ

ကိုရီးယားမင်းသား မင်းသမီးတွေက ကျရာဇာတ်ရုပ်တိုင်းကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူချည်းပါပဲ။ အချို့ဇာတ်လမ်းတွေမှာ မင်းသားရဲ့ chrisma အပြည့်နဲ့ကာရိုက်တာက ဇာတ်လမ်းကိုလူကြည့်များအောင် ပိုတောင်ဆွဲဆောင်နိုင်ပါသေးတယ်။ အခု သဘောကျရလောက်တဲ့ ဒရမ်မာထဲက သူဌေးတွေ CEO တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Park Hyung Sik (Strong Woman Do Bong Soo)


Do Bong Soon (Park Bo Young)က သဘာဝလွန်စွမ်းအားတွေရှိပြီး အများနဲ့မတူအလွန်သန်မာတဲ့ စွမ်းအားတွေရှိတဲ့မိန်းကလေးတစ်ယောက်ပါ။ ဒီဇာတ်လမ်းထဲမှာ Park Hyung Sik ကဂိမ်းကုမ္ပဏီကြီးတစ်ခုပိုင်ဆိုင်တဲ့ သူဌေးAhn Min Hyuk အဖြစ်သရုပ်ဆောင်ခဲ့ပြီး Do Bong Soon ကိုသူ့ရဲ့သက်တော်စောင့်အဖြစ်ငှားရမ်းခဲ့ရာက ဇာတ်လမ်းစခဲ့ပါတယ်။ ကျိကျိတက်ချမ်းသာပေမယ့်ဘသက်တော်စောင့်ကိုချစ်ကြောင်းပြဖို့ဝန်မလေးတဲ့ သူ့ရဲ့ကာရိုက်တာက အမိုက်စားပါပဲ။

၂။ Park Seo Joon (What’s Wrong with Secretary Kim)


ကိုယ့်ကိုယ်ကိုအမြဲဂုဏ်ယူတတ်ပြီး ဂုဏ်ယူသလောက်ပီးတကယ်ကြည့်ကောင်း၊ အရည်အချင်းရှိပြီး ဝန်ထမ်းတွေကိုဂရုစိုက်တတ်တဲ့ ဒုဥက္ကဌ Lee Young Joon နေရာက Park Seo Joon ကပါဝင်သရုပ်ဆောင်ထားပါတယ်။

သူ့ရဲ့အနွံတာကိုနှစ်တွေအကြာကြီးခံခဲ့တဲ့ အတွင်းရေးမှုးကင်မ် (Park Min Young) နဲ့ချစ်ကြိုက်ပြီးနောက်မှာလည်း ငွေကိုထည့်မတွက်ပဲ အတွင်းရေးမှုးကို အကောင်းဆုံးချစ်ပေးခဲ့သူအနေနဲ့ ဇာတ်ရုပ်ပီပြင်ခဲ့ပါတယ်။

၃။ Hyun Bin (Secret Garden)


Kim Ju won(Hyun Bin) ကချမ်းသာတဲ့ CEO တစ်ယောက်ဖြစ်ပြီး Gil Ra Im (Ha Ji Won) ကဘဝကိုကြိုးစားရုန်းကန်နေတဲ့ စတန့်မင်းသမီတစ်ယောက်ပါ။ အခြေအနေချင်းကွာခြားလွန်းတဲ့ သူတို့နှစ်ယောက်ချစ်ပြီးတဲ့နောက်မှာ ပြဿနာအချို့ကို ရင်ဆိုင်ခဲ့ရပါတယ်။ Gil Ra Im နဲ့မတွေ့ခင်ကစီးပွားရေးဆန်တဲ့ CEO ကအချစ်နဲ့တွေ့ပြီးနူးညံလာတဲ့ပုံကိုက ရင်ခုန်ကြည်နူးစရာပါ။

၄။ Son Ji Sub (Master’s Sun)


သရဲတွေကိုမြင်ရပြီး သူတို့ကိုလိုက်အကူညီပေးနေရတာနဲ့တင် မအားတဲ့မိန်းကလေး Tae Gong Sil (Gong Hye Gyo) က Joo Joong Woo (Son Ji Sub) ကိုထိလိုက်တဲ့အချိန်တိုင်း သရဲတွေကိုမမြင်ရတော့ပဲအနားရတဲ့ဇာတ်လမ်းလေးပါ။

ရုပ်ချောပြီးချမ်းသာတဲ့သူဌေးဖြစ်ပေမယ့် ချစ်ရတဲ့မိန်းကလေးကို ကိုယ်ရောစိတိပါကာကွယ်ပေးပြီး အချစ်ကိုယုံကြည်တတ်တဲ့ပုံစံက တွေ့ရခဲလို့ပရိတ်သတ်တွေသဘောကျခဲ့ပါတယ်။

၅။ Gong Yoo (Coffee Prince)


ယူတို့ရဲ့ မှင်စာဦးလေးကြီး Gong Yoo က Coffee Prince မှာလည်း ကော်ဖီဆိုင်ပိုင်ရှင်သူဌေး Choi Han Kyul အနေနဲ့ပီပြင်ခဲ့ပါတယ်နော်။ ဆိုင်မှာအလုပ်လာလုပ်တဲ့ ယောကျ်ားလျာပုံစံလေး Go Eun Chan အပေါ်ခံစားချက်တွေရှိခဲ့ပေမယ့် ယောက်ျားလေးဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတဲ့အချက်က ကြည်နူးစရာလေးပါ။ ဆိုင်ရှင်သူဌေးပေမယ့် အလုပ်လုပ်တဲ့သူတွေအပေါ်သဘောကောင်းပြီးနွေးနွေးထွေးထွေးဆက်ဆံတတ်သူပါ။

၆။ Park Seo Joon (She was pretty)


Park Seo Joon က She Was Pretty ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာ Ji Sung Joon အနေနဲ့ပါဝင်ခဲ့ပါတယ်။ တင်းကြပ်တဲ့သူဌေးဖြစ်ပေမယ့် အလုပ်ခွင်ထဲမှာ အချစ်ဦးနဲ့ပြန်တွေ့ပြီး အချစ်ကြောင့်တဖြည်းဖြည်းနူးညံ့လာခဲ့တဲ့ပုံကို အကောင်းဆုံးပုံဖော်ခဲ့ပါတယ်။

၇။ Park Seo Joon (Itaewon Class)


ဒီစစ်တမ်းမှာ တတိယအကြိမ်မြောက် ပါဝင်ခြင်းဖြစ်ပြီး သူဌေးဇာတ်ရုပ်နဲ့ တော်တော်လိုက်ဖက်တဲ့Park Seo Joon တစ်ယောက် မကြာသေးခင်ကထုတ်လွှင့်ပြီးစီးခဲ့တဲ့ Itaewon Class မှာလည်း Park Say Ron အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ တပည့်တွေဘက်ကအမြဲမားမားမတ်မတ်ရပ်တည်ပေးပြီးကြည့်ကောင်းတဲ့ ဒီကာရိုက်တာကိုတော့ဘယ်သူကသဘောမကျဘဲရှိပါမလဲနော်။

source : soompi
written : helra

Share