Categories: Celebrity News

ပရိတ်သတ်တွေကို ပြုံပန်းဝေစေခဲ့တဲ့ Jungkook ရဲ့ကလေးဘဝမှ ဓာတ်ပုံများ

BTS အဖွဲ့ရဲ့ Maknae( အငယ်ဆုံးလေး) ဖြစ်တဲ့ Jungkook၏ ငယ်ဘဝကချစ်စရာ ဓာတ်ပုံလေးတွေဟာ Online ပေါ်မှာပျံနှံ့ခဲ့ပါတယ်။ ဇွန်လ ၂၁ရက်နေ့မှာ internet အသုံးပြုတဲ့ User များကြားမှာ Jungkookလေးရဲ့ ဓာတ်ပုံတွေဟာ ရေပန်းစားခဲ့တာပါ။

အာလုံးကတော့ ကလေးရဲ့ဓာတ်ပုံတွေကြည့်ပြီး ချစ်မဝဖြစ်နေကြပါတယ်။ ဓာတ်ပုံကိုတင်တဲ့သူရဲ့ ပြောကြားချက်အရ အဲ့ဒီကလေးဘဝကပုံတွေဟာ Jungkook သုံးနှစ်သားအရွယ်လောက်က ရိုက်ကူးထားတဲ့ ပုံတွေလို့သိရပါတယ်။

ငယ်ငယ်လေးကတည်းက အခုချိန်ထိ ငယ်ရုပ်မပြောင်းတဲ့ Jungkook လေးရဲ့ပုံတွေကို ပရိတ်သတ်တွေကတော့ အရမ်းချစ်နေကြပါတယ်။ မျက်စိရှေ့မှာတင် Jungkook လေးအရွယ်ရောက်လာသလို ခံစားရတယ်နော်။

အခုတော့ အသက်၂၃နှစ်ပြည့်တော့မယ် ပျိုတိုင်းကြိုက်တဲ့ ကောင်လေးတစ်ယောက်တောင် ဖြစ်နေပါပြီ။ ကလေးဘဝကတည်းက ချစ်စရာကောင်းခဲ့တဲ့ Jungkook လေးကအခုထိလည်း ချစ်ဖို့ကောင်းနေဆဲပါပဲ။

ယခုလတ်တလောမှာ BTS အဖွဲရဲ့ Stay Gold ဆိုတဲ့MVအသစ် ထွက်ရှိထားတယ်နော်။ အချိန်ရရင်လည်း Stream ပေးဖို့မမေ့ကြပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုမှုကို ကျေးဇူးတင်ပါတယ်။

Source: SBS star
Written: Phoo Phoo

Share