Categories: Celebrity News

Honorary Police Officer အဖြစ် ခန့်အပ်ခံထားရတဲ့ ပရိတ်သတ်အချစ်တော် မင်းသမီးလေး (၂) ဦး

တောင်ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေကို အကြောင်းအမျိုးမျိုးကြောင့် Honorary Police Officer အဖြစ်ခန့်အပ်တာတွေရှိပါတယ်။ အနုပညာမှာထူးချွန်ရုံမက တရားမျှတမှုကိုပါ ကိုယ်စားပြုတဲ့ သူတို့ရဲ့ပုံရိပ်ဟာ ပရိတ်သတ်တွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။

ပရိတ်သတ်အချစ်တော် မင်းသမီးလေး IU နဲ့ Seo Ye Ji ကတော့ Honorary Police Officer အဖြစ် ခန့်အပ်ခံရတဲ့ မင်းသမီးလေးနှစ်လက်ပါ။ IU ကတော့ 2013 ခုနှစ်မှာ Honorary Police Officer အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုတွေကို ကာကွယ်ဖို့ anti-bullying officer တစ်ယောက်အနေနဲ့ လိုင်စင်ရရဲဝန်ထမ်းတစ်ယောက်ပါ။

Seo Ye Ji ကတော့ 2018 Meeting of Broadcast မှာ ရဲဝန်ထမ်း အစိုးရဝန်ထမ်းဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ပရိုဂျူဆာတွေရဲ့ အလယ်မှာ သူ့ရဲ့ Lawless Lawyer ဇာတ်လမ်းတွဲထဲက လေးစားစရာ ဇာတ်ရုပ်နဲ့ ပုံရိပ်ကြောင့် ‘Honorary Police Officer’ အဖြစ်ဂုဏ်ယူစွာ ခန့်အပ်ခံထားရတာပါ။

ဒီဂုဏ်ပုဒ်ဟာ အနုပညာရှင်တိုင်း ရနိုင်တဲ့ဂုဏ်ပုဒ်မဟုတ်တာကြောင့် သူတို့လေးတွေကို ချစ်ကြတဲ့ပရိတ်သတ်တွေ ဂုဏ်ယူရအောင် ဖော်ပြပေးလိုက်ပါတယ်။ Cele Bar ပရိတ်သတ်ကြီးလည်း comment မှာ မှတ်ချက်လေးတွေ ရေးသားပေးခဲ့ပါဦးရှင့်…။

source: koreaboo
written: Dar Dar

Share