Categories: Celebrity News

Solo အနေနဲ့ ပွဲဦးထွက်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ Kai

Sub-unit အနေနဲ့တော့ နောက်တစ်ခါ debut ခဲ့ပေမယ့် solo debut ဖို့တော့ ပရိတ်သတ်တွေ မျှော်သာမျှော်ပေါ်မလာသူ Kai ဟာ ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ မျှော်လင့်နေတဲ့အတိုင်း solo debut မယ့် EXO အဖွဲ့ဝင်နောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာတော့ News1 သတင်းဌာနကနေ Kai တစ်ယောက် solo debut ဖို့ပြင်ဆင်နေပြီလို့ ပြောကြားခဲ့တဲ့နောက်မှာတော့ SM ကလဲ ‘Kai ဟာ သူ့ရဲ့ Solo Album အတွက် ပြင်ဆင်နေတာ မှန်ပါတယ်။

အားလုံးပြီးစီးသွားရင်တော့ အသေးစိတ်ကို အသိပေးပါ့မယ်’ ဆိုပြီး ထိုသတင်းကို အတည်ပြုပေးခဲ့တာကြောင်​့ EXO-L နဲ့ Erigom တွေတော့ ပျော်လို့ရပါပြီနော်။ အဖွဲ့လိုက်အနေနဲ့သာမက solo အနေနဲ့ပါ အောင်မြင်နေကြတဲ့ EXO အဖွဲ့ဝင်တွေကြားမှာ Kai ဟာ solo album ထွက်မယ့် ငါးယောက်မြောက် member ပဲ ဖြစ်ပါတယ်။

Vocalist တွေနဲ့မတူပဲ ဘယ်လို concept တွေနဲ့ ထွက်ပေါ်လာမလဲဆိုတာတော့ တကယ်ကိုရင်ခုန်စရာပါ။ Cele Bar ပရိတ်သတ်ကြီးလည်း comment မှာ မှတ်ချက်လေးတွေ ရေးသားပေးခဲ့ပါဦးရှင့်…။

source: soompi
written: Dar Dar

Share