Categories: Celebrity News

ထုတ်လွှင့်ပြသပြီးမကြာခင်မှာပဲ ကြည့်ရှုသူ 18 million ရရှိခဲ့တဲ့ ‘It’s Okay To Not Be Okay’

Kim Soo Hyun နဲ့ Seo Ye Ji တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ‘It’s Okay To Not Be Okay’ ဟာ ကိုရီးယားမှာသာမက နိုင်ငံတကာမှာလဲ အရမ်းရေပန်းစားနေပြီး ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုကတော့ ဘယ်စာရင်းဇယားမှာကြည့်ကြည့် ထိပ်ဆုံးမှာရပ်တည်နေတာပါ။

Smart Media Rep (SMR) ရဲ့ စစ်တမ်းတွေအရတော့ ဒီဇာတ်လမ်းတွဲကို စောင့်ကြည့်သူအရေအတွက်ဟာ ဇူလိုင် ၂ ရက်နေ့ညအထိ စုစုပေါင်း ၁၈ သန်းအထိရှိပြီး တစ်ပိုင်းချင်းစီကို ပျှမ်းမျှကြည့်ရှုသူ ၃.၃ သန်းရှိတယ်လို့သိရပါတယ်။

ဒါဟာ သူတို့စာရင်းကောက်ယူတဲ့နေရာတွေကနေ live streaming ကြည့်ရှုသူတွေကိုသာ ရေတွက်ထားတဲ့ ပမာဏလဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကလဲ တစ်ခန်းမှလစ်ဟင်းတာမျိုးမရှိတာကြောင့် အပိုင်း ၁ ရဲ့ highlight video ကလဲ ကြည့်ရှုသူ 1 million ရှိခဲ့ပြီး မင်းသမီး Seo Ye Ji ရဲ့ ပထမဆုံးဇာတ်ဝင်ခန်းကိုလဲ လူပေါင်း 630,000 တောင် ကြည့်ရှုခဲ့ကြပါတယ်။

‘It’s Okay To Not Be Okay’ ကတော့ တမူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းဇာတ်အိမ်အပြင် နာမည်ကျော်မင်းသားနဲ့မင်းသမီးရဲ့ အချိတ်အဆက်မိမိ ဇာတ်ရုပ်နဲ့ကွက်တိကျအောင် သရုပ်ဆောင်နိုင်မှုနဲ့ မင်းသမီး Seo Ye Ji ရဲ့ ဂုဏ်ရှိန်မြင့်ဖက်ရှင်တွေကြောင့် အောင်မြင်မှုက ကြောက်ခမန်းလိလိပါပဲ။

source: zapzee
written: Dar Dar

Share