Categories: Celebrity News

Kim Tae Hee ရဲ့အိုမင်းမသွားတဲ့ အလှအပများကြောင့် ပရိတ်သတ်များအံ့အားသင့်နေရ

ပရိတ်သတ်တွေကတော့ အသက်၄၁နှစ်၊ ကလေးနှစ်ယောက်ရဲ့မိခင် Kim Tae Hee ရဲ့နုပျိုဆဲ၊ လှပဆဲ ပုံရိပ်တွေကို မြင်ပြီးအံသြနေကြပါတယ်။ လူသားတစ်ယောက်တောင် ဟုတ်ရဲ့လားလို့ သံသယဝင်စရာကောင်းတဲ့ ဘုရားစူး ၄၁နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။

မင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် သာမန်လူများထက်စာရင်တော့ ပိုမိုနုပြီးအရွယ်တင်နိုင်တယ်ဆိုတဲ့ အချက်ကိုလက်ခံပါတယ်။ ဒါပေမဲ့ ၄၁နှစ်ဆိုတဲ့ အသက်အရွယ်ဇယာမှာ ရှိသင့်ရှိထိုက်တဲ့ အရေးအကြောင်းတောင် မတွေ့ရသေးတဲ့ Kim Tae Hee ရဲ့အလှကိုတော့ အားလုံးကလက်ဖျားခါသွားကြပါပြီ။

Kim Tae Hee ကသူမရဲ့ Photoshooting လုပ်ထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ Instagram မှာတင်လိုက်ပါတယ်။ Caption ကိုတော့ ” ကျွန်မကဓာတ်ပုံတွေ ဘာတွေသိပ်ရိုက်လေ့ရိုက်ထမရှိပါဘူး။ ဒါကြောင့်မို့ Photoshooting လုပ်ထားတဲ့ ပုံအချို့ကိုတင်ပေးလိုက်ပါတယ်။ ” လို့ရေးသားထားခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ Kim Tae Hee က ဆံပင်အကောက်အရှည်နှင့် သူမရဲ့ပုံခုံးသားလှလှလေးတွေ ပေါ်အောင်ပါ ပိုစ့်ပေးထားပါတယ်။ နောက်ခံ Background အပြာရင့်ရောင်ကလည်း Kim Tae Hee ရဲ့ဝင်းဝါတဲ့ အသားအရေကို အထောက်အကူပြုပေးထားဟန် ရှိပါတယ်။

အသက် ၂ဝကျော် မိန်းကလေးတစ်ယောက်ရဲ့ အလှအပတွေကို မြင်နေရသလိုပါပဲ။ ပရိတ်သတ်အများစုကတော့ Kim Tae Hee ရဲ့အရွယ်နုပျိုမှုနှင့်ပက်သက်တဲ့ လျိုဝှက်ချက်တွေကို သိချင်နေကြပါတယ်။

ဘုရားပေးတဲ့ဆုအတိုင်း အပြည့်အဝရရှိထားတဲ့ လူသားတစ်ဦးလို့လည်း ချီးမွမ်းနေကြပါတယ်။ ပရိတ်သတ်ကြီးရော Kim Tae Hee ရဲ့ အလှအပတွေနှင့် ပက်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ Comments မှာဆွေးနွေးလို့ ရပါတယ်နော်။

Source: Allkpop
Written: Phoo Phoo

Share