မိန်းကလေး idol တွေကများသောအားဖြင့်သူမတို့ရဲ့ ချောမောလှပတဲ့ရုပ်ရည်နဲ့ နူးညံ့ပြီးမိန်းကလေးဆန်တဲ့ ကိုယ်ဟန်အနေအထားတွေကြောင့် နာမည်ကြီးတတ်ပါတယ်။ ဒီထဲကမှထူးထူးခြားခြား Unnie တွေလိုနူးညံတာမျိုးမဟုတ်ပဲ Oppa တွေလို မိမိုက်နေတဲ့ မိန်းကလေး Idol တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။ TWICE’s Jeongyeon
Like ooh ahh မှာကတည်းကဆံပင်အတိုလေးနဲ့ပွဲဦးထွက်ခဲ့တဲ့ Jeongyeon က oppa ပုံစံနဲ့လိုက်ဖက်လွန်းလို့ ကြွေခဲ့ရပါသေးတယ်။ ဒီနောက်ပိုင်းဆံပင်ရှည်လာပြန်တော့လည်း မိန်းကလေးပုံစံနဲ့ လှနေပြန်ရော။
၂။ TWICE’s Chaeyeong
Twice မှာ Oppa ကတစ်ယောက်တည်းမဟုတ်ဘူးနော်။ Chaeyeong ကလည်း သူမရဲ့ယောကျ်ားလေးဆန်တဲ့အပြုအမူအချို့ကြောင့် Oppa ပုံစံနဲ့
လိုက်ဖက်တယ်လို့သတ်မှတ်ခံရသူပါ။
၃။ BLACKPINK’s Lisa
အရပ်ရှည်ရှည်နဲ့ ဖော်ရွေတဲ့ Lisa ကလည်းအချို့ယောက်ျားလေးတွေထက်တောင် ကြွေချင်စရာကောင်းနေပါသေးတယ်။ Lisa တို့ oppa ဆန်ချက်ကတော့ တစ်ဖွဲ့လုံးနဲ့ ship ခံရလောက်အောင်ပါပဲ။
၄။ Krystal
Krystal ရဲ့ ရုပ်လေးချောသလောက် ယောက်ျားလေးဆန်တဲ့ သူမရဲ့မာထန်ထန်အပြုအမူလေးတွေက သူမကိုပိုပြီးဆွဲဆောင်မှုရှိစေတယ်ဆိုတာဘယ်သူမှမငြင်းနိုင်တဲ့ အချက်ပါ။
၅။ GIRLS’ GENERATION’s Sooyoung
Sooyoung ကသူမရဲ့ ၅ ပေ ၇လက်မအရပ်ကြီးနဲ့တင် Oppa ဘွဲ့ကိုအလိုအလျောက်ရပြီးသားပါ။ ဒါပေမယ့်သူမဘယ်လောက်နူးညံ့ပြီးချစ်တတ်လဲဆိုတာ သူမနဲ့သူမချစ်သူအကြောင်းကို ပြောပြပြီးသားမို့အားလုံးပဲသိကြမှာပါ။
၆။ ITZY’s Ryujin
Ryujin ရဲ့မာကျောတဲ့အပြုအမူနဲ့ စူးရှတဲ့အကြည့်တွေက သူမကို oppa စာရင်းဝင်ဖို့အထောက်အပံ့ပေးခဲ့ပါတယ်။
၇။ GFRIEND’s Sowon
Sowon ရဲ့အရပ် ၅ပေ၈လက်မနဲ့ သူမရဲ့မျက်နှာတည်တည်လေးကလည်း သူမကိုမိန်းကလေးတအားမဆန်စေဘဲ oppa vibe လေးရစေပါတယ်နော်။
၈။ Red Velvet’s Seulgi
ခန္ဓာကိုယ်အချိုးအစားကျတဲ့ Seulgi ကမိန်းကလေးဆန်တဲ့ဂါဝန်လေးတွေ ဝတ်ရင်လည်းကြည့်ကောင်းပြီး ယောက်ျားလေးဆန်တဲ့ အဝတ်အစားဝတ်ထားရင်လည်း တကယ်ကို အထာကျတဲ့oppa ပါပဲနော်။
၉။ EXID’s Hani
Hani ကတော့ မိန်းကလေးပုံစံရော ယောက်ျားလေးပုံစံပါ ပိုင်နိုင်သူပါ။ မိန်းကလေးပုံစံနဲ့လည်း နှစ်ယောက်မရှိအောင်ဆွဲဆောင်မှုရှိပြီး ယောက်ျားလေးဆန်ချင်ရင်လည်း လက်ဖျားခါရအောင် ကျားနိုင်သူပါ။
၁၀။ Amber
F(x) အဖွဲ့ရဲ့သက်တမ်းတစ်လျှောက်လုံး ယောက်ျားလေးပုံစံနဲ့နေခဲ့ပြီး Oppa ပုံစံနဲ့တော်တော်လိုက်ဖက်တဲ့သူပါ။ ကိုရီးယားက LGBTQ Fan တွေရဲ့ နှစ်ခြိုက်ခြင်းကိုလည်းခံရပြီး အခြားမိန်းကလေး idol တွေရဲ့ပုံစံကနေ ခွဲထွက်နိုင်သူပါ။
၁၁။ Moonbyul
ညို့အားပြင်းတဲ့ Mamamoo အဖွဲ့ဝင်တွေကြားမှာ တစ်ဦးတည်းပေါ့ပေါ့ပါးပါးနေတတ်ပြီး ယောကျ်ားဆန်ဆန် အဝတ်အစားတွေကို ကြိုက်နှစ်သက်တဲ့ Moonbyul ဟာ အသံကအစ ဩဇာအပြည့်နဲ့ Oppa လို့ခေါ်ချင်စရာပါ။
source: koreaboo
written: helra