Categories: Celebrity News

Yeo Jin Goo ထုတ်ပြောခဲ့တဲ့ သူအိမ်ထောင်ပြုချင်တဲ့ အသက်အရွယ်

ကလေးသရုပ်ဆောင်အရွယ်ကနေ အခုဆိုခေါင်းဆောင်မင်းသားကြီး ဖြစ်နေပြီဖြစ်တဲ့ Yeo Jin Goo ကတော့ မကြာသေးမီက သူပါဝင်ခဲ့တဲ့ tvN ရဲ့ ‘House on Wheels’ အစီအစဉ်မှာ သူ့ရဲ့အချစ်အပေါ်ခံယူချက်နဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီးမျှော်လင့်ချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

Yeo Jin Goo ဟာ စီနီယာသရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Song Dong-Il နဲ့ Gong Hyo Jin တို့နဲ့အတူ ဆွေးနွေးနေရာက Song Dong-il က Yeo Jin Goo ကို ‘အချစ်နဲ့ပတ်သတ်လို့ အတွေ့အကြုံရှိလား’ လို့ မေးခဲ့တဲ့အခါမှာတော့ Jin Goo က ဒီလိုပဲ ပြန်ဖြေခဲ့ကြပါတယ်။

‘ကျွန်တော့်အနေနဲ့ တစ်ခါမှရည်းစားမထားခဲ့ဖူးဘူး။ ဒါပေမယ့် စီနီယာ(Song Dong-il) နဲ့ မိသားစုကိုကြည့်ပြီး ကျွန်တော်စောနိုင်သမျှ စောစော အိမ်ထောင်ပြုချင်လာတယ်။ ကျွန်တော့်ကို အိမ်ထောင်ပြုချင်အောင် တွန်းအားပေးနေသလိုပဲ’ လို့ ပြုံးပြီးဆိုပါတယ်။

‘အိမ်ထောင်ပြုတာနဲ့ ပတ်သတ်ပြီး စနစ်တကျစီစဉ်ထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ပျော်ရွှင်နေတဲ့ မိသားစုတွေမြင်ရင် အိမ်ထောင်ပြုချင်တယ်’ လို့လဲ အိမ်ထောင်ရေးအပေါ်ထားတဲ့ သူ့ရဲ့မျှော်လင့်ချက်ကိုလဲ ပြောပြထားပါသေးတယ်။ ပရိတ်သတ်တွေလဲ Yeo Jin Goo ကို လက်ထပ်ချင်ရင်တော့ မြန်မြန်သွားလှုပ်ရှားမှ စိတ်အေးရမယ်နော်။

source: SBS news
written: Dar Dar

Share