Categories: Celebrity News

အောင်မြင်မှုနဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေကို အများဆုံးကြုံတွေ့ခဲ့ရတဲ့ kpop idol (၁၂) ဦး

လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် ချစ်ခင်အားပေးသူရှိသလို ဝေဖန်တိုက်ခိုက်တဲ့လူတွေလဲ ရှိစမြဲပါ။ သူတို့တွေကတော့ အကြောင်းအမျိုးမျိူးကြောင်​့ အမုန်းစကားတွေ အပြောခံရဆုံး idol ဆယ်ဦးပါ။

IU


ပွဲဦးထွက်ပြီးသိပ်မကြာခင်မှာပဲ နာမည်ကျော် boy idol တစ်ဦးနဲ့ဒိတ်တင်ကောလဟာလထွက်ခဲ့တာကြောင့် အမျိုးသမီးပရိတ်သတ်အများစုရဲ့ အမြင်မကြည်မှုကိုခံခဲ့ရသလို boy idol အများစုက သူမကိုသဘောကျကြောင်းပြောခဲ့တာမို့ အစွန်းရောက်တွေရဲ့ သဲကြီးမဲကြီးတိုက်ခိုက်မှုကို ခံရပြန်ပါတယ်။

Sakura (IZ*ONE)


Produce 48 အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကတည်းက screen time အရမ်းရပြီး အခြားပြိုင်ပွဲဝင်တွေထက် မျက်နှာသာပေးခံရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေဖန်ခဲ့ကြတာပါ။ သူမဘယ်လိုပဲ ကြိုးစားနေနေ ဝေဖန်သူတွေက အဆိုနဲ့အကအရည်အချင်းကိုလဲ လှောင်ပြောင်ကြပါသေးတယ်။

Yeri (Red Velvet)


Red Velvet ပွဲဦးထွက်မှာ နောက်မှဝင်လာခဲ့တဲ့ အဖွဲ့ဝင်ဖြစ်တာကြောင်​့ သူမကိုဒီနေရာနဲ့မထိုက်တန်ဘူးလို့ စွပ်စွဲပြစ်တင်ခဲ့ကြတာပါ။ အမြဲအပြစ်ရှာနေကြတဲ့ hater တွေက သူမကို အကြီးတွေအပေါ်လေးစားမှုမရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့လဲ ထိုးနှက်ကြတာကြောင်​့ ငယ်ငယ်လေးနဲ့ စိတ်ဓာတ်ကျခဲ့ရပါတယ်။

Tzuyu (Twice)


အေးချမ်းတဲ့ရုပ်သွင်နဲ့ အကျင့်စရိုက်ရှိပေမယ့် ဝေဖန်တိုက်ခိုက်ခံရတာအရမ်းများပါတယ်။ အားကစားပွဲတစ်ခုမှာ ထိုင်ဝမ်အလံကိုဝေ့ယမ်းလိုက်တဲ့ကိစ္စကြောင့် တရုတ်ပရိတ်သတ်တွေရဲ့ ဆိုးဝါးတဲ့ comment တွေရခဲ့ပြီး တရားဝင်တောင်းပန်ခဲ့တာတောင် သူမရဲ့အဆို၊အက စွမ်းရည်တွေအထိပါ လိုက်ဝေဖန်ခဲ့ကြတာပါ။

Kai (EXO)


Krystal နဲ့ Jennie လို နာမည်ကျော်အလှပဂေးနှစ်ယောက်နဲ့ dating သတင်းထွက်ခဲ့တာမို့ ယောက်ျားလေးပရိတ်သတ်တွေရဲ့ ဆဲဆိုစရာပစ်မှတ်ဖြစ်ခဲ့သလို မိန်းကလေးပရိတ်သတ်တွေကလဲ ဝေဖန်ခဲ့ကြပါတယ်။ မုန်းတဲ့လူထက် ချစ်တဲ့လူအရေအတွက်များတာကိုတော့ ပြောစရာမလိုပါဘူးနော်။

Soyeon (G)I-DLE


အဖွဲ့ ရဲ့သီချင်းတွေကို ကိုယ်တိုင်ရေးသား produce လုပ်တဲ့ အရည်အချင်းအပြည့်ရှိတဲ့ ခေါင်းဆောင်ပါ။ဒီအချက်ကပဲ အကဲပိုလွန်းတဲ့ k netz တွေအတွက် သူမကို ဆဲဆိုစရာပစ်မှတ်ဖြစ်ခဲ့တာပါ။ (G)I-DLE ရဲ့ သီချင်းတွေနဲ​့ MV ရိုက်ကူးမှုက တခြားနိုင်ငံရဲ့ culture ကိုမလျော်ညီစွာအသုံးပြုတယ်ဆိုကာ culture inappropriation လို့ ခေါင်းစပ်တပ်လိုက်ကြပါတယ်။

Nancy (Momoland)


ဂီတဖျော်ဖြေပွဲတစ်ခုမှာ Blackpink အဖွဲ့ကို စိုက်ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်အပါအဝင် အပြောအဆိုမတတ်ဘူး၊ စီနီယာတွေကိုလေးစားမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ဝေဖန်မှုခံရသူ တစ်ဦးပါ။ တကယ်တော့သူမဟာ BLACKPINK အဖွဲ့ကိုလေးစားချစ်ခင်သူတစ်ဦးဖြစ်ကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။

Cha Eunwoo (Astro)


သူ့ရဲ့ချောမောတဲ့ရုပ်ရည်က ဝေဖန်သူတွေအတွက် ပစ်မှတ်ဖြစ်ခဲ့တာပါ။ ရုပ်ရည်ကြောင့်သာ အခြားအဖွဲ့ဝင်တွေထက်အခွင့်အရေးပိုရတယ်လို့ စွပ်စွဲခဲ့ကြပြီး သရုပ်ဆောင်ပြန်တော့လဲ ရုပ်ရည်ကလွဲပြီး ဘာစွမ်းရည်မှမရှိဘူးလို့ ​ေဝဖန်ခံခဲ့ရပါသေးတယ်။ တကယ်တော့အဖွဲ့ဝင်တွေနဲ့ Cha Eunwoo ကြားမှာ သွေးကွဲမှုမရှိပါဘူး။

Jungkook, V, Jimin (BTS)


အဖွဲ့ဟာနာမည်ကြီးလာတာနဲ့အမျှ သဲသဲလှုပ်အားပေးခံရသလို တစ်ဖက်မှာလဲဝေဖန်မှုတွေကို ရင်ဆိုင်ရပါတယ်။ ဒီထဲမှာမှ maknae line က ပရိတ်သတ်များသလို ဝေဖန်မှုတွေလဲများလွန်းပါတယ်။ အာရှနဲ့ အနောက်တိုင်းသားတွေဆီက အမုန်းခံရတဲ့ အကြောင်းပြချက်တွေကတော့ အစုံပဲဖြစ်ပေမယ့် အခြား idol တွေကိုမုန်းတဲ့အကြောင်းပြချက်တွေလိုပဲ အဓိပ္ပာယ်တော့ သိပ်မရှိလှပါဘူး။

Jennie (Blackpink)


မလိုသူတွေရဲ့ ကောလဟာလဖြန့်မှုတွေကြောင့် ကိုရီးယားပြည်သူတွေရဲ့ တိုက်ခိုက်မှုကိုအခံရဆုံး idol ပါ။ ငယ်ငယ်ကကျောင်းနေဖက်ကိုအနိုင်ကျင့်တယ်ဆိုတဲ့ သတင်းမှားတွေနဲ့အတူ စင်ပေါ်မှာဖျော်ဖြေရင်စိတ်မပါဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ စိတ်ဓာတ်ကျအောင်လုပ်ခဲ့ကြပေမယ်​့ Jennie ကတော့ ခေါင်းမော့ရင်ကော့လျက်ပါပဲ။

ဒီ idol တွေကတော့ အမုန်းစကားတွေကို ရင်နှင့်မဆန့်အောင် ခံယူခဲ့ရတာတောင် ပြုံးနေကြဆဲပေမယ့် သူတို့ရဲ့ရင်ထဲမှာတော့ ဝမ်းနည်းစိတ်ကလေးရှိနေမှာပါ။ အဆဲခံရတာကို ပျော်တဲ့လူမရှိတာမို့ ပရိတ်သတ်တွေအနေနဲ့လဲ နောက်ထပ်ဘယ် idol ကိုမှ စိတ်ပိုင်းဆိုင်ရာကိုထိုးနှက်ပြီး အသက်ကိုပါနှုတ်ယူနိုင်တဲ့ အမုန်းစကားတွေကို မပြောမိစေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

source : koreaboo
written : Dar Dar

Share