Categories: Celebrity News

တောင်ကိုရီးယားဆယ်လီတွေ သူတို့ရဲ့ချစ်ရေးချစ်ရာကိစ္စ တွေကိုလျို့ဝှက်ထားတတ်ကြတဲ့အကြောင်းအရင်း

Cool အဖွဲဝင်တစ်ဦးဖြစ်တဲ့ Lee Jae Hoon ဟာလွန်ခဲ့တဲ့လတွေက ၂၀၀၉ ခုနှစ်ကသူ့ရဲ့လက်ထပ်ပွဲအကြောင်းနဲ့ သူ့မှာကလေး ၂ ယောက်ရှိကြောင်း ပရိတ်သတ်တွေကို အမှန်အတိုင်းဖွင့်ပြောခဲ့ပါတယ်။ ဒီလိုဖွင့်ပြောဖို့ရာ သူ့အတွက် ၁၁နှစ်တောင်အချိန်ယူခဲ့ရပါတယ်။

ဒါမတိုင်ခင် ၂ ရက်ကလည်းမင်းသား Sung Joon ကလည်းသူ့ရဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဖုံးကွယ်ထားတဲ့လက်ထပ်ပွဲအကြောင်း ပြောြပခဲ့ပါတယ်။ ဒီလိုပြောြပခဲ့ရာမှာ Lee Jae Hoon ကသူ့မှာဖုံးကွယ်ထားဖို့ရည်ရွယ်ချက် မရှိခဲ့ပေမယ့် မီဒီယာတွေနဲ့ ပရိတ်သတ်တွေကို အသိပေးဖို့အခွင့်မသာခဲ့တာ ဖြစ်ကြောင်းပြောြပခဲ့ပါတယ်။

Sung joon ဆိုရင် စစ်မှုမထမ်းခင်လက်ထပ်စာချုပ်ဆိုခဲ့ပြီး ချက်ချင်းစစ်မှုထမ်းခဲ့ရလို့ လက်ထပ်ပွဲတောင်မကျင်းပနိုင်ခဲ့ပါဘူးတဲ့။ Lee Jae Hoon ရော Sung Joon ရောက သူတို့ရဲ့လက်တွဲဖော်တွေက အနုပညာရှင်တွေမဟုတ်တာကြောင့် အသိပေးဖို့နည်းလမ်း စဉ်းစားလို့မရခဲ့ပါဘူးလို့‌ပြောခဲ့ကြပါတယ်။

စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Kwon Young Chan က အနုပညာရှင်အများစုဟာဒီလို ဖုံးကွယ်ထားခြင်းဖြင့် သူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

မကြာသေးမီက အနုပညာရှင်တွေကသူတို့ ရဲ့အောင်မြင်မှုကိုသူတို့ရဲ့လက်ထပ်ပွဲသတင်းက ဆွဲချသွားနိုင်တယ်လို့ယုံကြည်ထားကြတယ်လို့ ကိုရီယားတိုင်းမ် မဂ္ဂဇင်းကို ဖြေကြားခဲ့ပါတယ်။

ပြီးတော့ ဆယ်ကျော်သက်ပရိတ်သတ်အများစုက ဆယ်လီတွေကို သူတို့ရဲ့အနာဂတ်ချစ်သူအနေနဲ့ပုံဖော်ထားကြတာဖြစ်လို့ ဒီအကြောင်းပြချက်က ကျိုးကြောင်းဆီလျော်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Source : scmp
Written : helra

Share