Categories: Celebrity News

အသံတိတ်ရုပ်ရှင်ခေတ်ရဲ့အကျော်အမော် တစ်ဦးဖြစ်တဲ့ ဟာသပညာရှင် ချာလီချက်ပလင်ရဲ့ စိတ်၀င်စားစရာများ

အဖြူအမဲအသံတိတ် ရုပ်ရှင်လောကမှာ တုတ်ကောက်လေးနဲ့ ခုန်ဆွခုန်ဆွ လမ်းလျှောက်တတ်သူ တစ်ဦးကိုတော့ လူတိုင်းသတိထားမိကြမှာပါ။ ထိုသူကတော့ တခြားမဟုတ်ပါဘူး အားလုံးကို ရယ်မောပျော်ရွှင်စေတဲ့ ချာလီချက်ပလင်ဘဲ ဖြစ်ပါတယ်။ ချာလီချက်ပလင်ဟာ အသံတိတ်ရုပ်ရှင်လောကမှာ ကျော်ကြားသူသာမက ကျော်ကြားတဲ့ ကဗျာဆရာ သီချင်းရေးဆရာ လည်းဖြစ်ပါတယ်။

ချာလီကို 1889 ခုနှစ် လန်ဒန်မြို့မှာမွေးဖွားခဲ့ပါတယ်။ ချာလီရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပါရမီဟာ သူ့ရဲ့မိဘတွေဆီက ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မိဘနှစ်ပါးလုံးဟာ ထိုခေတ်အခါက ဂီတခန်းမမှာ ဖျော်ဖြေတင်ဆက်သူများ ဖြစ်ကြပါတယ်။ ချာလီရဲ့အဖေဟာ နာမည်ရတဲ့အဆိုတော်တစ်ဦးဖြစ်သော်လည်း သူ့ရဲ့မိခင်ဖြစ်သူကတော့ သိပ်မကျော်ကြားခဲ့ပါဘူး။

သို့သော် ချာလီရဲ့ဘ၀ဟာ အဆင်ပြေချောမွေ့ခဲ့တဲ့ ဘ၀မျိုးတော့မဟုတ်ခဲ့ပါဘူး။ ချာလီနှစ် နှစ်သားအရွယ်မှာဘဲ မိဘတွေဟာ ကွဲသွားခဲ့ကြပါတယ်။ ချာလီကတော့ သူ့ရဲ့မိခင်ဖြစ်သူနဲ့ လိုက်နေခဲ့ပါတယ်။ ချာလီ ခုနှစ်နှစ်သားအရွယ်မှာတော့ မိသားစုစား၀တ်နေရေးအတွက် အလုပ်ရုံမှာ သွားအလုပ်လုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မိခင်ဖြစ်သူဟာ စိတ်ဝေဒနာခံစား လာရသောကြောင့် ဆေးရုံသို့ပို့လိုက်ရပြီး ချာလီကတော့ အရက်စွဲနေတဲ့ဖခင်ဖြစ်သူနဲ့ သွားရောက်နေထိုင်ခဲ့ရပါတယ်။

သူဟာငယ်စဉ်တည်းက ဟာသသရုပ်ဆောင် ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ဆယ့်ကိုးနှစ်သားအရွယ်မှစ၍ ဇာတ်လမ်းတွေမှာပါ၀င်သူရုပ်ဆောင်ပြီး နာမည်ရလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူကိုယ်တိုင် ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာပါ လုပ်ပြီး ဇာတ်လမ်း တွေရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းဇာတ်ကွက်တွေဟာ စကားပြောမပါသော်လည်း တကယ်ကိုပြောင်မြောက်လွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း ချာလီဟာ သူ့ခေတ်သူ့အခါမှာ အောင်မြင်ရုံသာမက ယနေ့အထိအောင်မြင်နေရခြင်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ချာလီဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အခြေနေကို တခြားသူတွေလည်းသိအောင်‌ ဝေမျှပေးပါဦးနော်။

Source: nostalgic

Share