Categories: Celebrity News

Jennie နဲ့ Lisa တို့နှစ်ယောက် အတူတူ shopping ထွက်လို့မရတဲဘ အကြောင်းအရင်း

BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ ဝင်ငွေအများကြီးရှာနိုင်တဲ့ မိန်းမလှလေးတွေဖြစ်တာနဲ့အညီ shopping ထွက်တာကလဲ သူတို့ရဲ့ဝါသနာတွေထဲက တစ်ခုပါ။ ဒါပေမယ့် Lisa နဲ့ Jennie ကတော့ နှစ်ယောက်သား အတူတူ shopping ထွက်လို့ လုံးဝမထြစ်တဲ့အကြောင်းရင်း ရှိပါတယ်တဲ့။

၂၀၁၉ ခုနှစ်တုန်းက Billboard အင်တာဗျူးမှာ ‘ဘယ်သူက shopping ထွက်ရင် အသုံးအဖြုန်းအကြီးဆုံးလဲ’ လို့အမေးခံရတဲ့အခါ Rosè နဲ့ Jisoo က Lisa ကိုရွေးချယ်ခဲ့ပြီး Lisa က Jennie ကိုရွေးချယ်ခဲ့ကာ Jennie ကသူ့ကိုယ်သူနဲ့ Lisa ကိုရွေးချယ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင်တော့ Lisa နဲ့ Jennie ဟာ shopping ဝါသနာအိုးလေးတွေဆိုတာ သိနိုင်ပါတယ်။

သူတို့နှစ်ယောက် shopping အတူ ထွက်လို့မရတဲ့အကြောင်းကိုတော့ Lisa က ‘အစ်မက အဝတ်အစားနှစ်ခုကို ရွေးထုတ်လာပြီး ကျွန်မကိုဘယ်ဟာယူရမလဲလို့ ရွေးခိုင်းရင် ကျွန်မကနှစ်ခုလုံးယူလိုက်လို့ပဲ ပြောလေ့ရှိတယ်’ လို့ ရယ်ပြီးဖွင့်ဟခဲ့ပါတယ်။

Jennie ကလဲ ‘ကျွန်မတို့နှစ်ယောက် shopping တတူတူသွားလို့မရဘူးလို့ အချင်းချင်းသတိပေးရတယ်။ တစ်ယောက်နဲ့တစ်ယောက် တားမယ်မရှိဘူး’ လို့ နှစ်ယောက်ပေါင်းမိရင် အထိန်းအကွပ်မရှိ အများကြီးဝယ်ဖြစ်ကြောင်းကို ပြောပြခဲ့ပါသေးတယ်။ တကယ်ကိုချစ်စရာ သူဌေးမလေးတွေပါပဲနော်။

source: koreaboo
written: Dar Dar

Share