Categories: Celebrity News

မျက်လုံးလှလှလေးတွေ ပိုင်ဆိုင်ထားတယ်လို့ နာမည်ကြီးတဲ့ တောင်ကိုရီးယား အနုပညာရှင်များ

အခုဖော်ပြပေးမယ့် အနုပညာရှင်အချို့ကတော့ သူများနဲ့မတူတဲ့ မျက်လုံးအရောင်ကို ပိုင်ဆိုင်ထားတယ်ဆိုပြီး နာမည်ကြီးတဲ့သူတွေပါ။ ဒါပေမဲ့လူအများရဲ့ ပြောကြားချက်အရ အဲ့လိုမျက်လုံးကာလာ ထူးခြားတဲ့သူတွေဟာ အခြားသူတွေထက် ပိုပြီးနွေးထွေးတဲ့ စိတ်ထားလေးတွေ ရှိတတ်ကြပါတယ်လို့ သိရပါတယ်။

1.Go Ara


Netizens တွေအမြဲချီးကျူးလေ့ရှိတဲ့ ထူးခြားတဲ့မျက်လုံးပိုင်ရှင်ကတော့ Go Ara ပါ။ မျက်ဆံအရာင်လေးက အဝါဖျော့ဖျော့အေရာင်လေးရှိနေပြီး လုံးဝန်းတဲ့မျက်လုံးလေးတွေရဲ့ မူပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

2.Sana (Twice)


ဂျပန်လူမျိုး Kpop idol မိန်းကလေးတစ်ဦးဖြစ်တဲ့ Sana ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကို သူမရဲ့မျက်လုံးလေးနဲ့ ဖမ်းစားထားသူပါ။ မျက်လုံးအိမ်ကျယ်ပြီး puppyလေးတစ်ကောင်ရဲ့ မျက်လုံးလေးအတိုင်း တောက်ပနေတတ်သည့် မျက်ဝန်းတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဘယ်ကင်မရာရှု့ထောင့်၊ ဘယ်ရိုက်ချက်ကမဆို Sana ရဲ့မျက်လုံးအလှကို ဖုံးကွယ်သွားအောင် မလုပ်နိုင်ပါဘူး။

3.Seo Kang Joon


သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသား Seo Kang Joon ကတော့ မိန်းကလေးတိုင်းရဲ့အသည်းကို သူ့ရဲ့သကြားခဲလို မျက်ဝန်းလေးနှင့်ဖမ်းစားထားသူတစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နှင့် sexy ကျလှသော မျက်လုံးလေးတွေရဲ့ တစ်ဦးတည်းသောပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။

4.Vernon (SEVENTEEN)


SEVENTEEN အဖွဲ့ဝင်ဖြစ်တဲ့ Vernom ကတော့ အမေရိကန်လူမျိုးအစပ် Kpop Idol တစ်ဦးပဲ ဖြစ်ပါတယ်။ Vernon ရဲ့အည်ုိဖျော့တော့တော့ အရောင်လေးဖြစ်နေတဲ့ မျက်ဆံလေးကလည်း ပရိတ်သတ်တွေ သူ့ကိုချစ်ခင်ရတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

5.Lee Sung Kyung


မော်ဒယ်လည်းလည်းဟုတ်သလို မင်းသမီးလည်းဖြစ်တဲ့ Lee Sung Kyung ကတော့ Weightlifting fairy Kim Bok Joo ဇာတ်လမ်းတွဲအပြီးမှာ အောင်မြင်မှုတွေကို တရှိန်ထိုးရရှိခဲ့ပါတယ်။ ပရိတ်သတ်တွေသူ့ကို သတိထားမိတဲ့အချက်ထဲမှာဆိုရင်တော့ Lee Sung Kyung ရဲ့မျက်လုံးလှလှလေးတေဗ

6.Jeon Somi


နောက်ထပ် လူမျိုးခြား Kpop Idol တစ်ဦးကတော့ Jeon Somi ပဲဖြစ်ပါတယ်။ လှပတဲ့မျက်နှာပိုင်ရှင်လေးဖြစ်တဲ့အပြင် နွေးထွေးမျက်လုံးအညိုရောင်လေးတွေကိုိလည်း ပိုင်ဆိုင်ထားသူပါ။ မျက်လုံးလေးတွေ ဘယ်လောက်လှလည်းဆိုတာကိုတော့ သူမရဲ့ဓာတ်ပုံတွေက သက်သေအနေနှင့် ပြောပြနေပါတယ်။

ဒီလိုထူးခြားတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေဆိုတာ လက်တွေ့မှာ လက်ချိုးရေလို့ရပါတယ်။ မျက်ဝန်းလှလှလေးတွေကို ပိုင်ဆိုင်ထားရင်လည်း ဒါဟာကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်မှာပါ။ ပရိတ်သတ်တွေထဲမှာရော မျက်လုံးလှလှလေးတွေ ပိုင်ဆိုင်ထားတဲ့သူရော ရှိလားမသိဘူးနော်။ Comments မှာလည်း ဆွေးနွေးချင်တာရှိရင် ပါဝင်ဆွေးနွေးနိုင်ပါတယ်။

Source:kpopstarz
Written:Phoo Phoo

Share