Categories: Celebrity News

Box Office မှာ ၁ဝရက်တိုင်တိုင် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Park Shin Hye နှင့် Yoo Ah In တို့ရဲ့Alive ရုပ်ရှင်

အာလုံးစိတ်ဝင်စားနေကြတဲ့ Park Shin Hye နှင့် Yoo Ah In တို့ရဲ့ Zoombie ရုပ်ရှင်ဖြစ်တဲ့ Alive ဟာ ၁ဝရက်ဆက်တိုက် Box Officeရဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ဇူလိုင်၄ရက်နေ့က Korea Film Council ရဲ့ထုတ်ပြန်ချက်အရ Alive ရုပ်ရှင်ဟာ ဇူလိုင်၃ရက်နေ့မှာ ၅၁၈၆၀ ကြည့်ရှုသူကို ရရှိခဲ့ပါတယ်။ ၁ဝရက်တာပြသခဲ့ပြီးနောက်မှာတော့ စုစုပေါင်း ကြည့်ရှုသူ ၁၃၄၂၉၅၈ ဖြင့်ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဇွန်လ ၂၄ရက်နေ့က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ စစရုံတင်ချင်းနေ့မှာတင် ကြည့်ရှူ သူ ၂ဝဝဝဝဝကျော်ခဲ့ပါတယ်။ ထွက်ရှိပြီး ၅ရက်မြောက်နေ့မှာတော့ ကြည့်ရှုသူ ၁သန်းကျော်ခဲ့ပါပြီ။ ဒုတိယနေရာမှာကိုတော့ Innocence ရုပ်ရှင်မှ ကြည့်ရှူသူ ၉၇၇၀ နှင့် The singer ကတော့ တတိယနေရာတွင် ရှိနေပါတယ်။

Alive ရုပ်ရှင်ကတော့ Covid ကာလအတွင်း ရုံတင်ခဲ့တဲ့ရုပ်ရှင်မှုများထဲမှ လက်တလောတွင် အောင်မြင်ဆုံး ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ Zoombie ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အနေနဲ့တော့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ပရိတ်သတ်တွေရော ကြည့်ရှုဖို့ အဆင်သင့်ဖြစ်နေပြီလား။ အားလုံးကိုယ့်ရဲ့အမြင်လေးတွေကို ဆွေးနွေးနိုင်ပါတယ်နော်။

Source: Zapzee
Written: Phoo Phoo

Share