Categories: Celebrity News

Youth Over Flowers ၏ new season အတွက် Hospital playlist ဇာတ်လမ်းတွဲမှ သရုပ်ဆောင်တစ်ဖွဲ့လုံး ပါဝင်လာနိုင်ချေများ

ဇူလိုင် ၂ရက်နေ့က TVN ရဲ့နာမည်ကြီး Variety Show များကို ဦးဆောင်ရိုက်ကူးနေသော PD Na Young Suk က YouTube တွင် Live လွှင့်ခဲ့ပါတယ်။ သူ့ရဲ့ Live မှာတော့ Hospital Playlist ဇာတ်လမ်းတွဲမှ PD Shin Won Ho လည်းပါခဲ့ပါတယ်။

ပရိတ်သတ်တွေအကြိုက်များခဲ့တဲ့ Hospital playlist ဇာတ်လမ်းတွဲဟာ Netflix မှရိုက်ကူးထားပြီး season 2, season 3 အထိထွက်ရှိနိုင်မယ်လို့ သိရပါတယ်။ Hospital Playlists မှသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသား Kim Dae Myung လည်းထိုနေ့က Live ကို Join ခဲ့ပါတယ်။

PD Na Young Suk မှ “လူအများက ကျွန်တော့်ကို Hospital playlists မှာပါဝင်တဲ့ Casts တွေဖြစ်တဲ့ Jo Jung Suk, Kim Dae Myung, Jung Kyung Ho, Jeon Mi Do, Yoo Yun Suk တို့ကို ပြန်ပေးဆွဲထားလားလို့တောင် ပြောနေကြပါတယ်။

ကျွန်တော်အမှန်လည်း အဲ့လိုအတွေးရှိနေပါတယ်။ Shin PD ကိုသူတို့တွေနဲ့ ရင်းနှီးလားဆိုပြီး မေးပြီးတော့ ကျွန်တော်သူတို့နှင့်အတူတူ Reality show တစ်ခုလုပ်ချင်ကြောင်း ပြောခဲ့ပါတယ်။”

“ဒါပေမဲ့ အခုလို Covid ရဲ့အခြေအနေတွေကြောင့် အာလုံးအတူတူဆုံကြဖို့ဆိုတာ ခက်ခဲနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့တွေပါဝင်မယ့် program အသစ်ကို Hospital Playlist ဇာတ်လမ်းတွဲ season 2 နဲ့ 3 ပြီးမှပဲ အကောင်အထည်ဖော်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

မင်းသား Kim Dae Myung ကလည်း ဝင်ရောက်ပြီး “ကျွန်တော်တို့တွေအာလုံး အဲ့လိုခရီးတွေထွက်ပြီး၊ အတူတူဆုံရတာကို သဘောကျတယ်လို့လည်း” မှတ်ချက်ပေးခဲ့ပါတယ်။ Hospital Playlist က သရုပ်ဆောင်တွေကိုတော့ Youth Over Flowers ရဲ့ New season မှာ ပါဝင်နိုင်ရန် ရည်ရွယ်ထားကြပါတယ်။

သူတို့ကို Reality show မှာမြင်ချင်တဲ့ ပရိတ်တွေရောရှိလား။ မိမိရဲ့ထင်မြင်ချက်ကို အကြံပေးနိုင်ပါတယ်နော်။ Cele Bar အနေနဲ့လည်း မြန်မာပြည်က ပရိတ်သတ်ကြီးအတွက် သတင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေတာမို့ Page လေးကို Like & See first လုပ်ထားကြပါဦးရှင့်…။

Source: allkpop
Written: Phoo Phoo

Share