Categories: Celebrity News

Billboard Digital Chart မှာ Stay Gold သီချင်းနဲ့ ထိပ်ဆုံးမှာနေရာယူပြီးကိုယ့်စံချိန်ကိုကိုယ်တိုင်ပြန်ချိုးလိုက်ပြန်တဲ့ BTS

ဂုဏ်ယူစရာက ဒီလို Billboard Chart ထိပ်ဆုံးရောက်တာဟာသူတို့အတွက်တော့ အကြိမ် (၂၀)‌ မြောက်ရှိနေပါပြီ။ ပိုပြီဂုဏ်ယူစရာကောင်းတာက artist တစ်ယောက်တည်း ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့တည်းအနေနဲ့ ဘယ်သူကမှ ဒီလိုသီချင်းအပုဒ် ၂၀ တောင် chart ထဲမဝင်ဖူးခဲ့ပဲနဲ့ BTS ကပထမဆုံးပါ။

BTS ရဲ့Japanese pre-release သီချင်းတစ်ပုဒ်ဖြစ်တဲ့ Stay Gold သီချင်းကလွန်ခဲ့တဲ့အပတ်က Billboard Digital Song Sales Chart မှာ နံပါတ်တစ်အနေနဲ့ ဦးဆောင်နေပါတယ်။ အရင်ကလည်း Fire, Blood Sweat & Tears, Spring Day, Not Today, DNA, MIC Drop, Fake Love, IDOL, Boy With Luv, Make it right တို့အပြင်အခြားမြောက်များစွာသော သီချင်းတွေနဲ့ Billboard digital chart မှာဗိုလ်စွဲခဲ့ဖူးပါတယ်။

၂၀ ကြိမ်ဆိုတာ နံပါတ်တစ်ရတဲ့အကြိမ်အရေအတွက်ဖြစ်ပြီး သူတို့အနေနဲ့ Billboard digital chart ရဲ့ Top 10 ထဲဝင်တာ ၉၈ ကြိမ်တောင်ရှိနေပါပြီတဲ့နော်။ဒါတင်မကဒီနေ့ Melon Chart မှာလည်း BTS ရဲ့ On သီချက်းကထိပ်ဆုံးမှာပါ။သီချင်းအသစ်တွေထွက်တိုင်း အောင်မြင်မှုတွေတစ်ခုပြီးတစ်ခု ဆွတ်ခူးနေလို့ Army တွေကတော့ ဂုဏ်ယူနေရတော့မှာ အသေအချာပါပဲ။ BTS ကိုရော Army တွေအတွက်ရော ဂုဏ်ပြုပါတယ်နော်။

(Zawgyi) Billboard Digital Chart မှာ Stay Gold သီချင်းနဲ့ ထိပ်ဆုံးမှာနေရာယူပြီးကိုယ့်စံချိန်ကိုကိုယ်တိုင်ပြန်ချိုးလိုက်ပြန်တဲ့ BTS




Source: Soompi
Written: helra

Share