Categories: Celebrity News

Kpopper တွေသွားလည်သင့်တဲ့ Celebrities တွေပိုင်ဆိုင်တဲ့ Cafe နဲ့ Restaurant များ

အားလုံးသိကြတဲ့အတိုင်း တောင်ကိုရီးယားအနုပညာရှင်တွေဟာ Tour တွေ Comeback တွေ shooting တွေနဲ့အချိန်ပြည့်အလုပ်များနေတတ်ကြသူတွေပါ။ ဒါတောင်မှတစ်ဖက်မှာ စားသောက်ဆိုင်တွေဖွင့်လှစ်ထားပြီး စီမံခန့်ခွဲနေသူတွေလည်း မနည်းပါဘူး။

၁။ Bugsy Dog


Super Junior က Choi Siwon ပိုင်ဆိုင်တဲ့ Hot Dog နဲ့ Burger ဆိုင်လေးပါ။ ဆိုင်နာမည်က သူ့ရဲ့ခွေးလေး Bugsy ရဲ့နာမည်ကိုယူပြီး ပေးထားတာဖြစ်ပြီး ဆိုင်ရဲ့ Logo ကိုလည်း သူ့ခွေးလေးက Hot dog ကြီးကိုပိုက်ထားတဲ့ပုံစံဖန်တီးထားပါသေးတယ်။ ဆိုင်ရဲ့တည်နေရာက ပထမထပ် ၊ Chaturathit လမ်း ၊ Bangkok ၊ Thailand ဖြစ်လို့ လမ်းကြုံရင်သွားစားကြည့်ကြဦးနော်။

၂။ Mouse Rabbit


Super Junior အဖွဲ့ဝင် Yesung နဲ့ သူ့ညီ စပ်တူပိုင်ဆိုင်တဲ့ cafe လေးပါ။ သုံးထပ်ရှိပြီး တစ်ထပ်ဆီမှာ မတူညီနဲ့ Concept တွေနဲ့ အလှဆင်ထားပြီး စိတ်ခံစားချက်အတိုင်းရွေးချယ်ထိုင်လို့ရပါတယ်တဲ့။ ဆိုင်နာမည်လေးကလည်း idea အဆန်းလေးပါ။ Yesung က ကြွက်နှစ်မှာမွေးပြီး ညီက ယုန်နှစ်မှာမွေးလို့ Mouse Rabbit ဆိုပြီးဖြစ်လာခဲ့တာပါ။ ဆိုင်ရဲ့တည်နေရာကတော့ 1 Neungdong-ro 11-gil, Hwayang-dong, Gwangjin-gu, Seoul ပါ။

၃။ Lua


သရုပ်ဆောင် Yoo Yeon Seok ပိုင်ဆိုင်ပြီး Itaewon 1(il)-dong, Yongsan-gu, Seoul မှာတည်ရှိပါတယ်နော်။ Lua ဆိုတာ ပေါ်တူဂီလို လ လို့အဓိပ္ပာယ်ရပြီး ဆိုင်အတွင်းပိုင်းကိုလည်း Yoo Yeon Seok ကိုယ်တိုင် ဒီဇိုင်ဆွဲခဲ့တာပါ။

၄။ Kamong


Exo-L တွေကတော့ဒီဆိုင်လေးနဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဆိုင်လေးကို Kai ရဲ့အစ်မဖြစ်သူပိုင်ဆိုင်ပြီး ဆိုင်နာမည် Kamong ဆိုတာ Kai ရဲ့နာမည်နဲ့ သူ့ရဲ့ခွေးလေးနာမည် monggu တို့ကိုပေါင်းစပ်ပေးထားတာပါတဲ့။ ဆိုင်လိပ်စာက 356 Seocho-dong, Seocho-Gu, Seoul ဖြစ်ပြီး exo-l တို့ကိုရီးယားရောက်တဲ့အခါသွားစားရအောင်မှတ်ထားကြဦးနော်။

၅။ Ossu Seiromushi


BTS အဖွဲ့ဝင် Jin နဲ့ သူ့အစ်ကိုပိုင်ဆိုင်တဲ့ ဂျပန်စားယောက်ဆိုင်လေးပါ။ အချက်အပြုတ်ဝါသနာပါတဲ့ Jin အတွက်တော့စားသောက်ဆိုင်ဖွင့်တာကောင်းမွန်တဲ့ရွေးချယ်မှုပါပဲနော်။ Army တို့ကိုရီးယားရောက်တဲ့အခါသွားရအောင် ဆိုင်တည်နေရာကတော့ 30 Baekjegobun-ro 45-gil, Songpa il-dong, Songpa-gu, Seoul မှာပါတဲ့နော်။

၆။ Untitled, 2017


တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းမှာဖွင့်လှစ်ထားတဲ့ ပရိတ်သတ်အချစ်တော် GDragon ရဲ့ cafe ပါ။ GD ရဲ့အရှိန်အဝါကတော့ ဒီ cafeဟာ ၂၀၁၇ မှဖွင့်လှစ်ပေမယ့် အခုအချိန်မှာ ကျွန်းရဲ့ဆွဲဆောင်မှုတစ်ခုတောင်ဖြစ်နေပါပြီတဲ့။

၇။ Cafe Dudart


ဒါကတော့ Jay Park နဲ့ သူ့ရဲ့ အေဂျင်စီ AOMG ပူးတွဲပိုင်ဆိုင်တဲ့ cafe ပါ။ Sinsa-dong, Gangnam, Seoul မှာတည်ရှိပြီးတဲ့ ဒီဆိုင်မှာ Jay Park နဲ့ပက်သတ်တဲ့ official goods တွေတောင်ဝယ်လို့ရပါတယ်တဲ့။

၈။ Cafe Soo


ယူတို့အချစ် Suzy ကသူမရဲ့မေမေအတွက်ဖွင့်ပေးထားတဲ့ ဆိုင်လေးပါ။ တစ်ဆိုင်လုံးက Suzy ပုံလေးတွေနဲ့ပြည့်နှက်နေလို့ fan တွေအတွက်သွားချင်စရာ cafe လေးပါ။ လိပ်စာကတော့ 14-25 Usan-dong, Buk-gu, Gwangju ပါနော်။

၉။ 89 Mansion


သရုပ်ဆောင် Lee Jong Suk ပိုင်ဆိုင်တဲ့စားသောက်ဆိုင်ပါ။ အတွင်းပိုင်းဒီဇိုင်းကိုလည်းသူပဲဆွဲခဲ့ပြီး ဒီဆိုင်က 89 latte နဲ့89 wasabi cream pasta ကနာမည်အကြီးဆုံးပါပဲတဲ့။ မြည်စမ်းရအောင်လိပ်စာကတော့ Apgujeong-ro 4-gil, Gangnam-gu, Seoul ပဲဖြစ်ပါတယ်။

၁၀။ T.M.I


ဆိုင်ရဲ့နာမည် TMI ကိုက Too Much Information ဖြစ်ပြီး Itaewon မှာတည်ရှိတဲ့လူငယ်ဆန်တဲ့ဆိုင်လေးကိုတော့ သရုပ်ဆောင် Yoo Ah In ကပိုင်ဆိုင်ပါတယ်။ စားစရာရော သောက်စရာပါအစုံရပြီး သူငယ်ချင်းတွေနဲ့ Chill ဖို့ဆိုင်ကောင်းလေးတစ်ခုပါ။

၁၁။ Loco Quan 401 BBQ Restaurant


ဒီနာမည်ဆန်းဆန်းလေးနဲ့ဆိုင်ကိုတော့ Running Man အဖွဲ့ဝင် Haha ကပိုင်ဆိုင်ပါတယ်။ Jamaican အပြင်အဆင်နဲ့ ဆိုင်လေးဖြစ်ပြီး အစားအသောက်ကလည်းပြောစရာမလိုအောင်ကောင်းတဲ့ဆိုင်လေးပါ။ haha ရဲ့ cardboard တွေလည်းရှိလို့ Running Man ပရိတ်သတ်တို့သွားသင့်တဲ့ list ထဲထည့်ထားလိုက်တော့နော်။ လိပ်စာကတော့ 395-17 Seogyo-dong, Mapo-gu ပါ။

၁၂။ Little Tin Drums


အလှလေး Park Shin Hye ပိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ လောလောဆယ် သူမရဲ့မိဘတွေဦးစီးနေပါတယ်တဲ့။ သူမရဲ့ပရိတ်သတ်တွေသွားစားရအောင် လိပ်စာကတော့ 548-3 Seoul Gangdong-gu, Seonae-dong မှာပါနော်။

ဒီဆိုင်တွေမှာသွားစားရင်း အစားအသောက်ကောင်းတွေလည်းမြည်းစမ်းနိုင်တဲ့အပြင် ကံကောင်းရင် celebrity တွေနဲ့ပါတွေ့နိုင်တာမို့လို့ လိပ်စာတွေကိုသေချာမှတ်ထားကြဦးနော်။

source: annyeong oppa
written: helra

Share