Categories: Celebrity News

Backstreet Rookie ဇာတ်လမ်းတွဲထက် ကြည့်ရှုသူနှုန်းပိုမြင့်နေတဲ့ It’s Okay To Not Be Okay

Weekend တွေမှာပြသနေတဲ့ Backstreet Rookie နှင့် It’s Okay To Not Be Okay ဇာတ်လမ်းတွဲနှစ်ခုလုံးကတော့ ကြည့်ရှူသူနှုန်း မြင့်သထက်ကိုမြင့်နေပါတယ်။ ဇာတ်လမ်းတွဲနှစ်ခုလုံးကလည်း လတ်တလောတွင် ကြည့်ရှူသူပရိတ်သတ်ကြားမှာ ရေပန်းစားနေတဲ့ Drama တွေလို့ ဆိုရပါမယ်။

ဇူလိုင် ၄ရက်နေ့မှာတော့ TVN မှ ထုတ်လွှင့်တဲ့ It’s Okay To Not Be Okayကို ကြည့်ရှူ သူနှုန်းဟာအရင်အပတ်က ထုတ်လွင့်စဉ်ထက် အနည်းငယ်ပိုများလာခဲ့ပါတယ်။

Nielsen ကိုရီးယား၏ ထုတ်ပြန်ချက်အရ နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာ ပျမ်းမျှကြည့်ရှုသူနှုန်း 5.2% နှင့် အမြင့်ဆုံးကတော့ 5.6% ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ It’s Okay To Not Be Okay ကပဲ နံပါတ် ၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

တချိန်ထဲမှာပဲ SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်နေတဲ့ Backstreet Rookie ကလည်း ကျန်ခဲ့တဲ့ သီတင်းပတ်များထက်စာရင် ကြည့်ရှူသူနှုန်း တက်လာခဲ့ပါတယ်။ နောက်ဆုံးထုတ်လွှင်ခဲ့တဲ့အပိုင်းမှာတော် ပျမ်းမျှကြည့်ရှူသူ 4.9% ရှိခဲ့ပါတယ်။

ဇာတ်လမ်းတွဲနှစ်ခုစလုံးကတော့ လတ်တလောမှာ လူပြောများနေတဲ့ drama များပဲဖြစ်ပါတယ်။ ပရိတ်သတ်ကို ရသမျိုးစုံ ပေးစွမ်းနိုင်သော ဇာတ်လမ်းတွဲကောင်းတွေပါ။ ပရိတ်သတ်ကြီးရော ဘယ်ဇာတ်လမ်းတွဲကို ပိုနှစ်သက်ပါသလဲ။ မိမိရဲ့ အထင်အမြင်ကိုလည်း ဆွေးနွေးနိုင်ပါတယ်နော်။

(Zawgyi) Backstreet Rookie ဇာတ်လမ်းတွဲထက် ကြည့်ရှုသူနှုန်းပိုမြင့်နေတဲ့ It’s Okay To Not Be Okay





Source: Soompi
Written: Phoo Phoo

Share