Categories: Celebrity News

Hollywood အထိခြေဆန့်တော့မယ့် မင်းသမီး Son Ye Jin နဲ့ မင်းသား Lee Sun Gyun

Son Ye Jin နဲ့ Lee Sun Gyun တို့ဟာ ဒါရိုက်တာ Andrew Niccol ရိုက်ကူးမယ့် Hollywood ရုပ်ရှင်သစ် “Corss” မှာ ပါဝင်သရုပ်ဆောင်သွားမှာပါ

ကိုရီးယားအနုပညာရှင်တွေကတော့ အောင်မြင်မှုကို ထပ်မံပြသလိုက်ပြန်ပါပီ။ Kpop နဲ့ Kdrama တွေဟာ ကမ္ဘာကိုထိုးဖောက်လာတာနဲ့အမျှ ဂီတသရုပ်ဆောင်နယ်ပယ်စုံက အနုပညာရှင်တွေဟာလဲ အနောက်နိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်ကြတာ မနည်းပါဘူး။

အခုလဲ အားလုံးရဲ့အချစ်တော် မင်းသမီး Son Ye Jin နဲ့ မင်းသား Lee Sun Gyun ဟာ Hollywood မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံနေရပါပြီ။ ဇူလိုင် ၆ ရက်နေ့မှာတော့ Son Ye Jin ရဲ့အေဂျင်စီဖြစ်တဲ့ MS Team ကတော့ မင်းသမီးဟာ ‘Cross’ ရုပ်ရှင်အတွက် ဆွေးနွေးနေဆဲသာဖြစ်ပါမယ့် အခြေအနေတွေဟာ ကောင်းမွန်ပြီး ကြီးကြီးမားမားအပြောင်းအလဲတစ်ခုခုသာ မရှိခဲ့ရင်တော့ ပါဝင်ဖို့သေချာနေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Son Ye Jin နဲ့အတူ ‘Cross’ မှာပါဝင်ဖို့ဆွေးနွေးနေတဲ့ ကိုရီးယားသရုပ်ဆောင်ကတော့ Parasite နဲ့ ကမ္ဘာမှာလူသိများလာတဲ့ မင်းသား Lee Sun Gyun ဖြစ်ပြီး သူ့ရဲ့အေဂျင်စီ HODU&U က ‘မင်းသားဟာ ကမ်းလှမ်းချက်ကိုရရှိပြီး ဆုံးဖြတ်ချက်မချရသေးပါဘူး’ လို့ဆိုပါတယ်။

‘Cross’ ရုပ်ရှင်ဟာ ရိုက်ကူးဖို့ပြင်ဆင်နေတာ ကြာပြီဖြစ်ပေမယ့် ဒါရိုက်တာ Andrew Niccol ဟာ လွန်ခဲ့တဲ့နှစ်က ကိုရီးယားကိုသွားရောက်လည်ပတ်ပြီးနောက်မှာ ကိုရီးယားမှာရိုက်ကူးချင်စိတ်ဖြစ်ပေါ်လာတာမို့ ဒီနှစ်ယောက်ကို ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

သူတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် Hollywood မင်းသားကလဲ ‘Avatar’ ‘Clash of the Titans’ အစရှိတဲ့ နာမည်ကျော်ရုပ်ရှင်တွေရဲ့ မင်းသား Sam Worthington ဖြစ်တာမို့ ရင်ခုန်စရာပါပဲ။ ရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၁ ခုနှစ် မတ်လမှာ တောင်ကိုရီးယားနိုင်ငံမှာပဲ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဟာ Son Ye Jin နဲ့ Lee Sun Gyun တို့ရဲ့ ပထမဆုံး Hollywood ဇာတ်ကားဖြစ်ပါတယ်။ ကိုရီးယားအနုပညာရှင်တွေနဲ့ Hollywood အကျော်အမော်များ အတူတကွ ပုံဖော်သွားမယ့် “Corss”ဟာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

(Zawgyi) Hollywood အထိေျခဆန႔္ေတာ့မယ့္ မင္းသမီး Son Ye Jin နဲ႔ မင္းသား Lee Sun Gyun

ကိုရီးယားအႏုပညာရွင္ေတြကေတာ့ ေအာင္ျမင္မႈကို ထပ္မံျပသလိုက္ျပန္ပါပီ။ Kpop နဲ႔ Kdrama ေတြဟာ ကမၻာကိုထိုးေဖာက္လာတာနဲ႔အမၽွ ဂီတသ႐ုပ္ေဆာင္နယ္ပယ္စုံက အႏုပညာရွင္ေတြဟာလဲ အေနာက္နိုင္ငံေတြနဲ႔ လက္တြဲအလုပ္လုပ္ၾကတာ မနည္းပါဘူး။

အခုလဲ အားလုံးရဲ့အခ်စ္ေတာ္ မင္းသမီး Son Ye Jin နဲ႔ မင္းသား Lee Sun Gyun ဟာ Hollywood မွာ အလုပ္လုပ္ဖို႔ ကမ္းလွမ္းခံေနရပါၿပီ။ ဇူလိုင္ ၆ ရက္ေန႔မွာေတာ့ Son Ye Jin ရဲ့ေအဂ်င္စီျဖစ္တဲ့ MS Team ကေတာ့ မင္းသမီးဟာ ‘Cross’ ႐ုပ္ရွင္အတြက္ ေဆြးေႏြးေနဆဲသာျဖစ္ပါမယ့္ အေျခအေနေတြဟာ ေကာင္းမြန္ၿပီး ႀကီးႀကီးမားမားအေျပာင္းအလဲတစ္ခုခုသာ မရွိခဲ့ရင္ေတာ့ ပါဝင္ဖို႔ေသခ်ာေနၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

Son Ye Jin နဲ႔အတူ ‘Cross’ မွာပါဝင္ဖို႔ေဆြးေႏြးေနတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ကေတာ့ Parasite နဲ႔ ကမၻာမွာလူသိမ်ားလာတဲ့ မင္းသား Lee Sun Gyun ျဖစ္ၿပီး သူ႔ရဲ့ေအဂ်င္စီ HODU&U က ‘မင္းသားဟာ ကမ္းလွမ္းခ်က္ကိုရရွိၿပီး ဆုံးျဖတ္ခ်က္မခ်ရေသးပါဘူး’ လို႔ဆိုပါတယ္။

‘Cross’ ႐ုပ္ရွင္ဟာ ရိုက္ကူးဖို႔ျပင္ဆင္ေနတာ ၾကာၿပီျဖစ္ေပမယ့္ ဒါရိုက္တာ Andrew Niccol ဟာ လြန္ခဲ့တဲ့ႏွစ္က ကိုရီးယားကိုသြားေရာက္လည္ပတ္ၿပီးေနာက္မွာ ကိုရီးယားမွာရိုက္ကူးခ်င္စိတ္ျဖစ္ေပၚလာတာမို႔ ဒီႏွစ္ေယာက္ကို ကမ္းလွမ္းခဲ့တာလို႔ သိရပါတယ္။

သူတို႔နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္မယ့္ Hollywood မင္းသားကလဲ ‘Avatar’ ‘Clash of the Titans’ အစရွိတဲ့ နာမည္ေက်ာ္႐ုပ္ရွင္ေတြရဲ့ မင္းသား Sam Worthington ျဖစ္တာမို႔ ရင္ခုန္စရာပါပဲ။ ႐ုပ္ရွင္ကိုေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္ မတ္လမွာ ေတာင္ကိုရီးယားနိုင္ငံမွာပဲ စတင္ရိုက္ကူးမယ္လို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ဟာ Son Ye Jin နဲ႔ Lee Sun Gyun တို႔ရဲ့ ပထမဆုံး Hollywood ဇာတ္ကားျဖစ္ပါတယ္။ ကိုရီးယားအႏုပညာရွင္ေတြနဲ႔ Hollywood အေက်ာ္အေမာ္မ်ား အတူတကြ ပုံေဖာ္သြားမယ့္ “Corss”ဟာ ေအာင္ျမင္မႈေတြ သိမ္းပိုက္နိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

source: Soompi
written: Dar Dar

Share