Categories: Celebrity News

BLACKPINK Jennie ရဲ့ Instagram live မှာ ပါဝင်ခဲ့တဲ့ Red Velvet Yeri

BALCKPINK Jennie နဲ့ Red Velvet Yeri ကတော့ ချစ်စရာကောင်းတဲ့ ခင်မင်မှုကို ထပ်မံပြသလိုက်ပြန်ပါပီ။ ဇူလိုင်လ ၅ ရက်နေ့မှာတော့ BLACKPINK Jennie ဟာ “How You Like That” ရဲ့ “Inkigayo” အစီအစဉ်မှာ အနိုင်ရပြီးနောက် Instagram မှာ Live လွှင့်ခဲ့ပါတယ်။

Jennie ဟာ Live ကြည့်ရှုသူများထဲမှ Yeri ကို မြင်တွေ့ခဲ့တဲ့အခါမှာတော့ ဝမ်းသာစွာနဲ့ “Yerim ရေ” လို့ နှုတ်ဆက်ခဲ့ပြီး Instagram Live ထဲကို ထည့်ခဲ့ပါတယ်။ Yeri ကလည်း မတုန့်မဆိုင်းပဲ Jennie ရဲ့ Instagram Live ကို Join ခဲ့ပြီး Blinks တွေကို နှုတ်ဆက်ခဲ့ပါတယ်။

ပြန်လည် မထွက်ခွါခင်လည်း “How You Like That” ကို အနည်းငယ် ဆိုပြခဲ့ပြီး BLACKPINK ရဲ့ Inkigayo မှာ ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ကြောင်းလည်း ပြောသွားပါသေးတယ်။ Jennie ကတော့ ပျော်တပြုံးပြုံးနဲ့ပေါ့။

BLACKPINK နဲ့ Red Velvet တို့ရဲ့ ခင်မင်မှုကို မြင်တွေ့ရတဲ့ပရိသတ်တွေကလည်း ကြည်နူးပြီး Black Velvet moment များဆိုပြီး တင်စားလေ့ရှိပါတယ်။
ဒီလို ချစ်ရတဲ့ အဖွဲ့မတူတဲ့ Idol တွေအချင်းချင်း ရင်းနှီးချစ်ခင်နေတာကို မြင်တွေ့ရတာဟာလည်း တကယ့်ကို ပျော်ရွှင်ကြည်နူးစရာ တစ်ခုပါပဲ။

(Zawgyi) BLACKPINK Jennie ရဲ့ Instagram live မွာ ပါဝင္ခဲ့တဲ့ Red Velvet Yeri

BALCKPINK Jennie နဲ႔ Red Velvet Yeri ကေတာ့ ခ်စ္စရာေကာင္းတဲ့ ခင္မင္မႈကို ထပ္မံျပသလိုက္ျပန္ပါပီ။ ဇူလိုင္လ ၅ ရက္ေန႔မွာေတာ့ BLACKPINK Jennie ဟာ “How You Like That” ရဲ့ “Inkigayo” အစီအစဥ္မွာ အနိုင္ရၿပီးေနာက္ Instagram မွာ Live လႊင့္ခဲ့ပါတယ္။

Jennie ဟာ Live ၾကည့္ရႈသူမ်ားထဲမွ Yeri ကို ျမင္ေတြ႕ခဲ့တဲ့အခါမွာေတာ့ ဝမ္းသာစြာနဲ႔ “Yerim ေရ” လို႔ ႏႈတ္ဆက္ခဲ့ၿပီး Instagram Live ထဲကို ထည့္ခဲ့ပါတယ္။ Yeri ကလည္း မတုန႔္မဆိုင္းပဲ Jennie ရဲ့ Instagram Live ကို Join ခဲ့ၿပီး Blinks ေတြကို ႏႈတ္ဆက္ခဲ့ပါတယ္။

ျပန္လည္ မထြက္ခြါခင္လည္း “How You Like That” ကို အနည္းငယ္ ဆိုျပခဲ့ၿပီး BLACKPINK ရဲ့ Inkigayo မွာ ေဖ်ာ္ေျဖမႈကို ၾကည့္ရႈခဲ့ေၾကာင္းလည္း ေျပာသြားပါေသးတယ္။ Jennie ကေတာ့ ေပ်ာ္တျပဳံးျပဳံးနဲ႔ေပါ့။

BLACKPINK နဲ႔ Red Velvet တို႔ရဲ့ ခင္မင္မႈကို ျမင္ေတြ႕ရတဲ့ပရိသတ္ေတြကလည္း ၾကည္ႏူးၿပီး Black Velvet moment မ်ားဆိုၿပီး တင္စားေလ့ရွိပါတယ္။
ဒီလို ခ်စ္ရတဲ့ အဖြဲ႕မတူတဲ့ Idol ေတြအခ်င္းခ်င္း ရင္းႏွီးခ်စ္ခင္ေနတာကို ျမင္ေတြ႕ရတာဟာလည္း တကယ့္ကို ေပ်ာ္ရႊင္ၾကည္ႏူးစရာ တစ္ခုပါပဲ။

Source: Soompi
Written: Gyi Gyi

Share