Categories: Celebrity News

အချစ်ရေးထက် အလုပ်ကိုပိုဦးစားပေးရတဲ့ အကြောင်းကို ပြောပြလာတဲ့ Gong Hyo Jin

House of wheels ဆိုတဲ့ reality show မှာ မင်းသမီး Gong Hyo Jin ဟာ guest (ဧည့်သည်) အဖြစ်ပါဝင်ခဲ့ပါတယ်။ House of wheels ကတော့ Yeo Jin Goo, Kim Hee-Won နှင့် Sung Dong ll တို့အဓိက members အဖြစ်ပါဝင်သော အစီအစဉ်တစ်ခုပါ။

Gong Hyo Jin ဟာ ဇူလိုင်လ ၂ရက်နေ့ကထုတ်လွှင်တဲ့ အပိုင်းသစ်မှာ အဖွဲ့ဝင်များနှင့်အတူ စကားလက်ဆုံကြခဲ့ပါတယ်။ Gong Hyo Jin ကသူမရဲ့ အသက် ၂ဝကျော်အချိန်တုန်းက အကြောင်းအရာများကို ဖောက်သည်ချခဲ့ပါတယ်။

” အသက် ၂ဝကျော်လောက်တုန်းကတော့ အချစ်ဟာအရာရာလို့ ထင်ခဲ့တာပါ။ အတွေ့အကြုံရှိတဲ့ အမတွေက အမြဲတမ်း အချစ်မှာပဲ အချိန်ကုန်မခံဖို့၊အလုပ်အပေါ်မှာပဲ အားရုံစိုက်ထားဖို့ အကြံပေးရင်တောင် နားမလည်ခဲ့ဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အဲ့အရွယ်တုန်းက အချစ်ကဘဝကြီး ဖြစ်ခဲ့တာကို” လို့ပြောပြခဲ့ပါတယ်။ “ဒါပေမဲ့ အခုအဲ့အချိန်တွေကို ပြန်ကြည့်လိုက်ရင် အမတွေ ပြောခဲ့တာ တကယ်မှန်တယ်။ အလုပ်တွေကြိုးစားပြီ ကိုယ့်ကိုကိုယ် အရင်ပြည့်စုံအောင်လုပ်ထားမှ အချစ်တွေအများကြီး ကိုယ့်ဆီရောက်လာလိမ့်မယ်။

အဓိကကတော့ ကိုယ့်ဖက်ကလည်း perfect ဖြစ်နေအောင် အရင်လုပ်ထားရမယ်ဆိုတာပဲ”… Yeo Jin Goo ကလည်းသူ့ရဲ့ အိမ်ထောင်ရေးအပေါ်အမြင်ကို ပြောပြခဲ့ပါတယ်။ “ကျွန်တော်ကတော့ အိမ်ထောင်တစ်ခုကို စောစောစီးစီးထူထောင်ချင်တယ်။

အဲ့လို့မိသားစုတစ်စု ပျော်ရွှင်နေတာမြင်ရင် ကျွန်တော်အိမ်ထောင်ပြုချင်တဲ့ စိတ်ပေါ်တယ်” လို့ပြောပြခဲ့ပါတယ်။” ကျွန်တော့်ဘဝမှာ အမြဲတမ်းကျွန်တော့်ဘက်က crush ခဲ့ရတာချည်းပဲ။ တစ်ခါမှ တရားဝင်ချစ်သူ မရှိခဲ့ဘူး” ဟုပြောပြကာ အားလုံးကိုအံသြစေခဲ့ပါတယ်။

ဒီပုံစံအတိုင်းဆိုရင်တော့ Gong Hyo Jin တစ်ယောက် အိမ်ထောင်ပြုတာ နောက်ကျမယ်လို့ ထင်မိတယ်နော်။ ပရိတ်သတ်ကြီးရော ဘယ်ဟာကို အရင်ဦးစားပေးသင့်တယ်လို့ ထင်ပါသလဲ။ အိမ်ထောင်ပြုတာကိုအရင်လား၊ မိမိကိုယ်ကိုပြည့်စုံအောင်အရင်လုပ်တာလား.? ကိုယ့်ရဲ့ ထင်မြင်ချက်တွေကိုလည်း comment မှာ ရေးသားနိုင်တယ်နော်…။

(Zawgyi) အခ်စ္ေရးထက္ အလုပ္ကိုပိုဦးစားေပးရတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ Gong Hyo Jin

House of wheels ဆိုတဲ့ reality show မွာ မင္းသမီး Gong Hyo Jin ဟာ guest (ဧည့္သည္) အျဖစ္ပါဝင္ခဲ့ပါတယ္။ House of wheels ကေတာ့ Yeo Jin Goo, Kim Hee-Won ႏွင့္ Sung Dong ll တို႔အဓိက members အျဖစ္ပါဝင္ေသာ အစီအစဥ္တစ္ခုပါ။

Gong Hyo Jin ဟာ ဇူလိုင္လ ၂ရက္ေန႔ကထုတ္လႊင္တဲ့ အပိုင္းသစ္မွာ အဖြဲ႕ဝင္မ်ားႏွင့္အတူ စကားလက္ဆုံၾကခဲ့ပါတယ္။ Gong Hyo Jin ကသူမရဲ့ အသက္ ၂ဝေက်ာ္အခ်ိန္တုန္းက အေၾကာင္းအရာမ်ားကို ေဖာက္သည္ခ်ခဲ့ပါတယ္။

” အသက္ ၂ဝေက်ာ္ေလာက္တုန္းကေတာ့ အခ်စ္ဟာအရာရာလို႔ ထင္ခဲ့တာပါ။ အေတြ႕အၾကဳံရွိတဲ့ အမေတြက အျမဲတမ္း အခ်စ္မွာပဲ အခ်ိန္ကုန္မခံဖို႔၊အလုပ္အေပၚမွာပဲ အား႐ုံစိုက္ထားဖို႔ အႀကံေပးရင္ေတာင္ နားမလည္ခဲ့ဘူး။

ဘာျဖစ္လို႔လည္းဆိုေတာ့ အဲ့အရြယ္တုန္းက အခ်စ္ကဘဝႀကီး ျဖစ္ခဲ့တာကို” လို႔ေျပာျပခဲ့ပါတယ္။ “ဒါေပမဲ့ အခုအဲ့အခ်ိန္ေတြကို ျပန္ၾကည့္လိုက္ရင္ အမေတြ ေျပာခဲ့တာ တကယ္မွန္တယ္။ အလုပ္ေတြႀကိဳးစားၿပီ ကိုယ့္ကိုကိုယ္ အရင္ျပည့္စုံေအာင္လုပ္ထားမွ အခ်စ္ေတြအမ်ားႀကီး ကိုယ့္ဆီေရာက္လာလိမ့္မယ္။

အဓိကကေတာ့ ကိုယ့္ဖက္ကလည္း perfect ျဖစ္ေနေအာင္ အရင္လုပ္ထားရမယ္ဆိုတာပဲ”… Yeo Jin Goo ကလည္းသူ႔ရဲ့ အိမ္ေထာင္ေရးအေပၚအျမင္ကို ေျပာျပခဲ့ပါတယ္။ “ကၽြန္ေတာ္ကေတာ့ အိမ္ေထာင္တစ္ခုကို ေစာေစာစီးစီးထူေထာင္ခ်င္တယ္။

အဲ့လို႔မိသားစုတစ္စု ေပ်ာ္ရႊင္ေနတာျမင္ရင္ ကၽြန္ေတာ္အိမ္ေထာင္ျပဳခ်င္တဲ့ စိတ္ေပၚတယ္” လို႔ေျပာျပခဲ့ပါတယ္။” ကၽြန္ေတာ့္ဘဝမွာ အျမဲတမ္းကၽြန္ေတာ့္ဘက္က crush ခဲ့ရတာခ်ည္းပဲ။ တစ္ခါမွ တရားဝင္ခ်စ္သူ မရွိခဲ့ဘူး” ဟုေျပာျပကာ အားလုံးကိုအံၾသေစခဲ့ပါတယ္။

ဒီပုံစံအတိုင္းဆိုရင္ေတာ့ Gong Hyo Jin တစ္ေယာက္ အိမ္ေထာင္ျပဳတာ ေနာက္က်မယ္လို႔ ထင္မိတယ္ေနာ္။ ပရိတ္သတ္ႀကီးေရာ ဘယ္ဟာကို အရင္ဦးစားေပးသင့္တယ္လို႔ ထင္ပါသလဲ။ အိမ္ေထာင္ျပဳတာကိုအရင္လား၊ မိမိကိုယ္ကိုျပည့္စုံေအာင္အရင္လုပ္တာလား.? ကိုယ့္ရဲ့ ထင္ျမင္ခ်က္ေတြကိုလည္း comment မွာ ေရးသားနိုင္တယ္ေနာ္…။

source: Soompi
Written: Phoo Phoo

Share