Categories: Celebrity News

ဇူလိုင်လ ၆ ရက်နေ့မှာ စတင်စစ်မှုထမ်းနေပြီဖြစ်လို့ လွမ်းနေရဦးမယ့် Woo Do Hwan

The Divine Fury, Sweet Stranger and Me စတဲ့ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့ Woo Do Hwan တစ်ယောက် လတ်တလောထွက်ရှိထားတဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲမှာ ဘုရင်ကြီးရဲ့သက်တော်စောင့်အနေနဲ့ပါဝင်ပြီးတဲ့နောက် တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ဇူလိုင်လ ၆ ရက်နေ့က စတင်စစ်မှုထမ်းနေပါပြီ။

သူ့ရဲ့အေဂျင်စီဖြစ်တဲ့ KeyEast ကတော့ သူဟာတပ်တွင်းအခြေခံလေ့ကျင့်မှုတွေပြီးမှ တာဝန်ထမ်းဆောင်ရမယ့်နေရာကို သွားရမှာဖြစ်ပြီး တာဝန်ထမ်းဆောင်ရမယ့်နေရာနဲ့အချိန်အတိအကျကိုတော့ လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။ သူ့ရဲ့စစ်မှုထမ်းကာလက ၂၀၂၁ ဇန်နဝါရီမှာကုန်ဆုံးမှာဖြစ်ပြီး ထုံစံအတိုင်းဒီကြားထဲမှာတော့ မျက်နှာတွေ့ရဖို့တောင် မလွယ်ပါဘူး။

အချိန်အတန်ကြာ လွမ်းနေရမယ့် တစ်‌ယောက်တော့တိုးလာပြန်ပါပြီနော်။ ဘာပဲဖြစ်ဖြစ် စစ်မှုထမ်းကာလအတွင်းမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်ကျေနိင်ခဲ့ဖို့ပဲ ပရိတ်သတ်တွေက မျှော်လင့်နေကြမှာပါ။

Woo Do Hwan တိုင်းပြည်တာဝန်ကိုကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တာဝန်ပြီးတဲ့အခါမှာလည်း အရင်ကထက်ပိုပြောင်မြောက်တဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပြန်လာဖို့ရာ Myanmar Cele Bar အဖွဲ့သားတွေက ဆုတောင်းပေးလိုက်ပါတယ်။

Source : koreaboo
Written : helra

Share