အားလုံးသိကြတဲ့အတိုင်းပဲ တောင်ကိုးရီးယားရဲ့ ရုပ်ရှင်သဘင်ပညာက ယနေ့ခေတ်ရေစီးကြောင်းကို အရှိန်အဟုန်နဲ့ ဝင်ရောက်နေပါတယ်။ ယခုဆိုရင် တောင်ကိုးရီးယားက ထိပ်တန်းအနုပညာရှင်တွေကို ဟောလိဝုဒ်ကနေတောင် ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းလျက်ရှိပါတယ်။
ဟောလိဝုဒ်ရဲ့ ထိပ်တန်းနည်းပညာ၊ တောင်ကိုးရီးယားရဲ့ အနုပညာပါရမီတွေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေက ဘယ်လောက်တောင် မိမိုက်နေမယ်ဆိုတာ ပြောဖို့လိုမယ်တောင် မထင်တော့ပါဘူးနော်။
(၁၀) Lee Byung Hun
Lee Byung Hun ကတော့ သူ့ရဲ့ အက်ရှင်ဇာတ်လမ်းတွေကြောင့် တောင်ကိုးရီးယားရဲ့ အက်ရှင်မင်းသားလို့ဆိုရမှာပါ။ GI Joe နဲ့ the Terminatior ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။
(၉) Steven Yeun
Steven Yeun ကတော့ Gleen နဲ့ The Walking Dead မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Steven Yeun ကြောင့် မြောက်အမေရိကမှာ ကိုးရီးယားမင်းသားတွေ ရေပန်းစားတစ်ခေတ်ထခဲ့ပါတယ်။
(၈) Ki-Hong Lee
The Maze Runner ရုပ်ရှင်ကားကြီးနဲ့ လတ်တလောမှာ ရေပန်းစားနေတဲ့ ကတော့ အသက်ငယ်ငယ်နဲ့ ဟောလိဝုဒ်ကနေ ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
(၇) Ken Jeong
Ken Jeong ကတော့ The Hangover နဲ့ Community ထဲက ဟာသ ကာရိုက်တာတွေကြောင့် လူသိများပါတယ်။ ဟောလိဝုဒ်က နာမည်ကြီးအာရှမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Ken Jeong ဟာ သရုပ်ဆောင်ကောင်းရုံတင်မကပါဘူး၊ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ကနေလည်း ဘွဲ့ရရှိထားတဲ့ ပညာတတ်တစ်ဦးဖြစ်ပါတယ်။
(၆) Nicole Bilderback
Nicole Bilderback ကို ရုပ်ရှင်ပိတ်ကားထက်မှာ သိပ်မမြင်ရပေမယ့် သူမက အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေမှာ မကြာခဏ ရှိနေတတ်ပါတယ်။ သူမက Dawson’s Creek, Dark Angel, Buffy the Vampire Slayer, Heroes, The Mentalist အစရှိတဲ့ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။
(၅) Bobby Lee
ယခု ဖော်ပြထားတဲ့ စားရင်းထဲမှာတော့ Bobby Lee က အမေရိကန်မှာ လူသိအများဆုံးဖြစ်မယ်ထင်ပါတယ်။ MadTV နဲ့ အောင်မြင်ခဲ့တဲ့ Bobby Lee ဟာ The Pineapple Express, the Harold & Kumar တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူဟာ MadTV မှာ ပထမဆုံး အရွေးချယ်ခံရတဲ့ အာရှသားဖြစ်ပါတယ်။
(၄) Margaret Cho
Margaret Cho က သူမရဲ့ ဟာသပြတ်လုံးတွေကြောင့် ပရိတ်သတ်များစွာ ပိုင်ဆိုင်ထားပြီး အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
(၃) John Cho
ဆိုးလ်မှာမွေးပြီး အမေရိကမှာ ကြီးပြင်းခဲ့တဲ့ John Cho ဟာ the Harold & Kumar ထဲက ဘောလုံးသမား ကာရိုက်တာကြောင့် အောင်မြင်လာပြီး အခြားရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပါတယ်။
(၂) Arden Cho
အမေရိကန်လူငယ် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Teen Wolf နဲ့ လူသိများလာတဲ့ Arden Cho ဟာ YouTube မှာ Secret Stuff ရဲ့ Agent တစ်ယောက်အနေနဲ့ လှုပ်ရှားလျက်ရှိပါတယ်။
(၁) Rain
Rain ကတော့ မြန်မာပြည်က ပရိတ်သတ်တွေနဲ့တော့ အရင်းနီးဆုံးဖြစ်မှာ အသေချာပါပဲ။ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် ကမ်းလှမ်းခံရတဲ့ Speed Racer & Ninja Assassin ဟာဆိုရင် တစ်ကမ္ဘာလုံးကို ပေါက်သွားခဲ့ပါတယ်။
Source: quietly
Written: S.Kaung