Categories: Celebrity News

Kim Soo Hyun ရဲ့ College ကျောင်းသားဘဝမှ ဓာတ်ပုံများ ပြန်လည်ထွက်ပေါ်လာ

“ဆံပင်ပွပွကြီးနဲ့ဆိုပင်မဲ့ မျက်နှာသေးသေးလေးနဲ့ ချောနေတုန်းပဲ”

မင်းသား Kim Soo Hyun ရဲ့ ကောလိပ်တက်စဉ်က ဓာတ်ပုံများဟာ အင်တာနက်အသုံးပြုသူများကြား ပျံနှံခဲ့ပါတယ်။ ပရိတ်သတ်တွေ အထူးတလည် စိတ်ဝင်စားနေတာကတော့ အဲ့အချိန်က Kim Soo Hyun ရဲ့ဆံပင်ကေပါပဲ။

ပရိတ်သတ်တစ်ယောက်တင်ခဲ့တဲ့ ပိုစ့်ထဲမှာ Kim Soo Hyun ရဲ့ကျောင်းတက်စဉ်က ပုံရိပ်များပါလာခဲ့ပါတယ်။ အဲ့တုန်းက သူ့ရဲ့ဆံပင်ကေဟာ အခုရှိနေတဲ့ပုံနဲ့ လုံးဝကကို ကွဲပြားနေတာကို တွေ့ရမှာပါ။

ဆံပင်အကြေကောက်ကိုမှဖွထားပြီး အချို့ကလည်း အပေါ်ဘက်ကိုထောင်နေတာကို တွေ့ရပါတယ်။ ကိုရီးယားတွေရဲ့ ပြောပြပုံအရ အဆိုပါ hairstyle ဟာလူတော်တော်များ ထားခဲတဲ့ပုံစံမျိုးဖြစ်ပြီး အဲ့အချိန်ကလည်း အဲ့လိုဆံပင်ကေနှင့်တွေ့ရတဲ့လူဆိုတာ တကယ်ကိုရှားတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ပရိတ်သတ်တွေကတော့ Kim Soo Hyun ရဲ့ဓာတ်ပုံတွေ မြင်ပြီးဟာသအရွှမ်းဖောက်နေကြပါတယ်။ ဒီဆံပင်ကေကြီးနဲ့တောင် ချောတဲ့ရုပ်လေးက ပျောက်မသွားဘူးနော်။ Comments မန့်တဲ့သူအချို့ကလည်း “ရယ်မိလို့ တောင်းပန်ပါတယ် Oppa ရယ်။ ဒါပေမဲ့လည်း အခုပုံနဲ့ တော်တော်လေးကို မတူခဲ့တာပဲ”

“ဆံပင်ပွပွကြီးနဲ့ဆိုပင်မဲ့ မျက်နှာသေးသေးလေးနဲ့ ချောနေတုန်းပဲ” စသည့်ဖြင့် မှတ်ချက်ပေါင်းများစွာ ပေးခဲ့ကြပါတယ်။ ပရိတ်သတ်ကြီးရော Kim Soo Hyun ရဲ့ Hairstyle ကိုဘယ်လိုမြင်လဲ။

(Zawgyi) Kim Soo Hyun ရဲ့ College ကျောင်းသားဘဝမှ ဓာတ်ပုံများ ပြန်လည်ထွက်ပေါ်လာ







Source: SBS star
Written: Phoo Phoo

Share