Categories: Celebrity News

တောင်ကိုရီးယားရဲ့ နာမည်ကြီးအနုပညာရှင်တွေ တက်ရောက်ခဲ့ကြတဲ့ အထင်ကရတက္ကသိုလ်များ

တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ဖန်သားပြင်ထက် အတောက်ပဆုံးထွန်းလင်းဖို့ကြိုးစားကြသလို တစ်ဖက်မှာလည်းပညာရေးကို အလစ်ဟင်းမခံပဲ တင်းကျပ်တဲ့ schedule ကြားကစာကြိုးစားကြသူတွေ မနည်းပါဘူး။ ဒါကိုဂုဏ်ပြုတဲ့အနေနဲ့ သူတို့တွေတက်ရောက်ခဲ့ကြတဲ့ တ္ကက္ကသိုလ်တွေကို တက်ရောက်ခဲ့တဲ့ major တွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Seoul University


Kim Tae Hee, Honey Lee, Lee Soon Jae တို့သုံးယောက်လုံးက Seoul University ကျောင်းဆင်းတွေပါ။ Kim Tae Hee က Fashion and Design ပညာနဲ့ ဘွဲ့ရခဲ့ပြီး Miss Universe 2007 မှာကိုရီးယားနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် Honey Lee ဆိုရင်လည်း အဲဒီမှာ Music Major နဲ့တက်ရောက်ခဲ့ဖူးပါတယ်။

အားလုံးချစ်ကြတဲ့ မင်းသားကြီး Lee Soon Jae ကလည်း ဒီကျောင်းထွက်ပါပဲ။ Seoul University ကို ကိုရီးယားကဟားဗတ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့အတွက် ဒီကျောင်းဝင်ခွင့်ရသူတွေဟာ ခေသူတွေမဟုတ်ပါဘူးနော်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်စစ်တမ်းအရ ဒီကျောင်းရဲ့ University ranking ဟာတစ်ကမ္ဘာလုံးအတိုင်းအတားနဲ့ဆိုရင် နံပါတ် ၃၇ ရထားပါတယ်။

၂။ Sungkyunkwan University


Song Joong Ki, Cha Eun Woo, Moon Geun Young, Ku Hye Sun, Seo Ji Hye စတဲ့အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ပါ။ Song Joong Ki က ၂၀၀၅ ခုနှစ်မှာ စီမံခန့်ခွဲမှုပညာကိုတက်ရောက်ခဲ့ပါတယ်။ Sungkyunkwan scandal ဇာတ်လမ်းမှာလည်း ဂျိုဆွန်းခေတ်က Sungkyankwan ကျောင်းသားအနေနဲ့ Song Joong Ki သရုပ်ဆောင်ခဲ့တာကတော့ မမျှော်လင့်ထားတဲ့တိုက်ဆိုင်မှုလို့ဆိုရမှာပါပဲ။

Cha Eun Woo ကတော့ဒီကျောင်းမှာ သရုပ်ဆောင်ပညာကိုလေ့လာခဲ့ပါတယ်တဲ့။ ဂျိုဆွန်းခေတ်ကတည်းကရှိခဲ့တဲ့တက္ကသိုလ်မို့ Sungkyunkwan University ကလည်းအစဉ်အလာကြီးတဲ့တက္ကသိုလ်တစ်ခုပါပဲ။

၃။ Dankook University


Ji Chung Wook, Woo Do Hwan, Ha Ji Won, Park Bo Young, Rainစတဲ့ နာမည်ကျော်တွေအများကြီးတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ပါ။

Ji Chang Wook က ၂၀၀၆ ခုနှစ်မှာ Performing Arts နဲ့ ဘွဲ့ရခဲ့ပြီး Woo Do Hwan က ၂၀၁၆ မှာ Performance and film major နဲ့ ကျောင်းပြီးခဲ့တာပါ။ Rain ဆိုအဲဒီကနေ Musical theater ပညာနဲ့ မာစတာဘွဲ့တောင်ရခဲ့တာပါတဲ့။

၄။ Myongji University


Park Bo Gum, Jeon Mi Do စတဲ့အကျော်အမော်တွေတက်ရောက်ခဲ့တာပါ။ Bo Gum က ၂၀၁၈ ခုနှစ်မှာ Musical theater major နဲ့ဘွဲ့ရခဲ့ပြီး ဘွဲ့ပေးအပ်တဲ့အခမ်းအနားအတွက်စီစဉ်တဲ့ musical showဖြစ်တဲ့ Hairspray မှာတောင် ဒါရိုက်တာအနေနဲ့ပါဝင်ခဲ့ပါသေးတယ်။

မင်းသမီးJeon Mi Do ကလည်း Hospital Playlist မရိုက်ကူးခင် Myongji မှာတက်ရောက်ခဲ့ဖူးပါတယ်လို့ပြောကြားခဲ့ပါတယ်။

၅။ Hanyang University


Kim So Hyun, Jang Dong Yoon, Jung Il Woo, Jang Keun Suk, Lee Young Ae စတဲ့သရုပ်ဆောင်တွေအများကြီးတက်ရောက်ဖူးတဲ့ တက္ကသိုလ်ပါ။

Kim So Hyun က film and theater ဘာသာရပ်နဲ့ ၂၀၁၈ ခုနှစ်ကတင် တက်ရောက်နေခဲ့ပြီး Jang Dong Yoon က ဘောဂဗေဒဘာသာရပ်ကို ၂၀၁၁ ခုနှစ်ကတက်ရောက်ခဲ့ပါတယ်။ မင်းသမီးကြီး Lee Young Ae ကဂျာမန်ဘာသာစကားကို သင်ယူခဲ့တာတဲ့နော်။

၆။ Kyung Hee University


Gong Yoo, CN Blue က Jung Yong Hwa နဲ့ Rain တို့တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ပါ။ ကိုယ်ပိုင်ကျောင်းတစ်ခုဖြစ်ပြီး သူ့မှာ Kyung Hee Cyber University ဆိုပြီး online ကဖွင့်လှစ်ပေးတာမျိုးလည်းရှိပါတယ်။ ဒီကျောင်းကတော့ Celebeities တွေအများကြီးတက်ကြလွန်းလို့ နာမည်ကြီးပါတယ်တဲ့။

source: Cosmopolitan Philippines
written: helra

Share