Categories: Celebrity News

ဘောစိ G-Dragon ကိုမုန့်ဖိုးပေးချင်သော်လည်း ဝန်လေးနေမိကြောင်း ပြောပြခဲ့သည့် ယောက်ဖဖြစ်သူ Kim Min Joon

ဒီတစ်ပတ်ရဲ့ Ask Us Anything အပိုင်းမှာတော့ Kim Min Joon, Song Jong Ho, Son Ho Jun နှင့် Koo Ja Sung တို့မှ Guest အဖြစ်လာခဲ့ပါတယ်။ Kim Min Joon ဟာ G-Dragon ရဲ့အမဖြစ်သူ Kwon Dami နှင့်လက်ထပ်ထားသူပါ။ Kim Min Joon ဟာ သူတို့နှစ်ဦးရဲ့ တွေ့ဆုံပုံနှင့် အချစ်ဇာတ်လမ်းလေးကိုလည်း ပြောပြခဲ့ပါတယ်။

Kim Min Joon နှင့် Dami တို့ဟာ Blind date မှတွေ့ဆုံခဲ့ပါတယ်။ Kim Min Joon ပြောပြပုံအရ သူတို့နှစ်ဦးဟာ မြင်မြင်ချင်းချစ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချစ်သူဖြစ်တာကစနေပြီး လက်ထပ်ခဲ့တဲ့အထိ အချိန်ကာလအားဖြင့်တော့ တော်တော်လေးမြန်တယ်လို့ ဆိုရမယ်လို့ ပြောခဲ့ပါတယ်။

မေးခွန်းတဲ့မေးရတဲ့အချိန်လည်းရောက်တော့ Kim Min Joon ကအဖွဲ့ဝင်တွေကို “အခုလတ်တလော ငါစိတ်ပူနေရတဲ့ ကိစ္စကဘာလဲ” ဆိုပြီးမေးခဲ့ပါတယ်။ တစ်ယောက်တစ်ပေါက်နှင့် ခန့်မှန်းကြရင်း နောက်ဆုံးမှာတော့ Koo Sa Jung ကအဖြေမှန်ကို ခန့်မှန်းနိုင်ခဲ့ပါတယ်။

Kim Min Joo က “ငါ့မှာက အမတစ်ယောက်ပဲ ရှိခဲ့တဲ့အတွက် မိန်းမရလို့ကိုယ့်ထက်ငယ်တဲ့ ယောက်ဖသာရမယ်ဆို ညီလေးတစ်ယောက်လိုချစ်မယ်လို့ တွေးထားဖူးတယ်။ တကယ်လို့ညီလေးက စစ်ထဲမဝင်ရသေးရင် အကိုအရင်းတစ်ယောက်လို အားလုံးကူညီပေးချင်ခဲ့တာ။

ဒါ့ကြောင့် G-Dragon စစ်ထဲကနေ နားရက်နဲ့ပြန်ထွက်လာတုန်းက သူ့ကိုကြက်ကြော်တို့၊ဘာတို့ ဝယ်စားဖို့ မုန့်ဖိုးခိုးပေးတဲ့ အကိုတစ်ယောက်ဖြစ်ချင်ခဲ့တာ” ။ ဒါပေမဲ့ ကျွန်တော်ရဲ့အတွေးကို အသိတစ်ယောက်ကို ပြောပြတော့ သူက ” မင်းက G-Dragon ကို မုန့်ဖိုးဘယ်လောက် ပေးမှာလဲ” ဆိုတဲ့မေးခွန်း အမေးခံလိုက်ရတယ်။

အဲ့နောက်ပိုင်း ကျွန်တော်လည်း ဘယ်လောက်ပေးရမှန်းမသိလို့ အခုထိကိုစိတ်ပူပန်နေရတာပါပဲ” လို့ဟာသနှောပြီး ပြောပြခဲ့ပါတယ်။ ကိုယ်တွေရဲ့ဘောစိလေးကို မုန့်ဖိုးပေးချင်တဲ့ အချစ်တေယ်ယောက်ဖခမျာ အခုအချိန်အထိ အဲ့ကိစ္စနှင့်ပက်သက်ပြီး ပူပန်သောက ရောက်နေရရှာတာ။

G-Dragon ကတော့ တော့်တော့်ကို အချစ်ခံထားရတဲ့လူသားပါ။ မိသားစုကရော၊ ပရိတ်သတ်ကရော ဝိုင်းချစ်နေရတဲ့ Lucky boy လေးလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော G-Dragon ယောက်ဖအဖြစ်ကို ဘယ်လိုမြင်လဲ။ မုန့်ဖိုးပေးမယ်ဆိုရင်တောင် အနည်းဆုံးဘယ်လောက်ပေးသင့်လဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါဦး။

Source: Soompi
Written: Phoo Phoo

Share