Categories: Celebrity News

Lee Kwang Soo နဲ့ရုပ်ချင်းတူနေတာကြောင့် လူပြောများနေတဲ့ ‘We Are Young’ ပြိုင်ပွဲဝင်

တရုတ်နိုင်ငံရဲ့ နာမည်ကျော် survival show တသ်ခုဖြစ်တဲ့ ‘We Are Young’ အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးကတော့ သူ့ရဲ့ထူးခြားမှုလေးတစ်ခုကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို အတော်ခံယူနေရပါတယ်။ TV ဖန်သားပြင်မှာ ပေါ်လာလာချင်းသိပ်မကြာခင်မှာပဲ ရေပန်းအစားဆုံးပြိုင်ပွဲဝင်တစ်ဦး ဖြစ်လာတာပါ။

အကြောင်းအရင်းကတော့ သူ့ရဲ့စင်မြင့်ပေါ်က ဓာတ်ပုံတစ်ပုံဟာ အာရှတစ်လွှားပရိတ်သတ်အမြောက်အများရှိတဲ့ Running Man အဖွဲ့ဝင် Lee Kwang Soo နဲ့အတော်လေးကို ရုပ်ချင်းဆင်နေတာကြောင့်ပါ။ ပရိတ်သတ်တွေဟာ သူနဲ့ Lee Kwang Soo ပုံတွေကို ယှဉ်ကြည့်ပြီး အံ့အားသင့်မဆုံးဖြစ်ပြီး မှတ်ချက်တွေပေးနေကြပါတယ်။

အဆိုပါ trainee ရဲ့နာမည်ကတော့ Weng Yuqing ဖြစ်ပြီး သူဟာ Lee Kwang Soo နဲ့ ရုပ်ချင်းအတော်တူပေမယ့် အရပ်ကတော့ Kwang Soo လို မရှည်ဘူးလို့သိရပါတယ်။ ပရိတ်သတ်တွေကတော့ အရပ်သာမကယ်ရင် Kwang Soo နဲ့ ခွဲရတော့မှာမဟုတ်ဘူးလို့ နောက်ပြောင်နေကြတာကိုလဲ တွေ့ရပါတယ်။

(Zawgyi) Lee Kwang Soo နဲ႔႐ုပ္ခ်င္းတူေနတာေၾကာင့္ လူေျပာမ်ားေနတဲ့ ‘We Are Young’ ၿပိဳင္ပြဲဝင္

တ႐ုတ္နိုင္ငံရဲ့ နာမည္ေက်ာ္ survival show တသ္ခုျဖစ္တဲ့ ‘We Are Young’ အစီအစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးကေတာ့ သူ႔ရဲ့ထူးျခားမႈေလးတစ္ခုေၾကာင့္ ၾကည့္ရႈသူပရိတ္သတ္ရဲ့ စိတ္ဝင္စားမႈကို အေတာ္ခံယူေနရပါတယ္။ TV ဖန္သားျပင္မွာ ေပၚလာလာခ်င္းသိပ္မၾကာခင္မွာပဲ ေရပန္းအစားဆုံးၿပိဳင္ပြဲဝင္တစ္ဦး ျဖစ္လာတာပါ။

အေၾကာင္းအရင္းကေတာ့ သူ႔ရဲ့စင္ျမင့္ေပၚက ဓာတ္ပုံတစ္ပုံဟာ အာရွတစ္လႊားပရိတ္သတ္အေျမာက္အမ်ားရွိတဲ့ Running Man အဖြဲ႕ဝင္ Lee Kwang Soo နဲ႔အေတာ္ေလးကို ႐ုပ္ခ်င္းဆင္ေနတာေၾကာင့္ပါ။ ပရိတ္သတ္ေတြဟာ သူနဲ႔ Lee Kwang Soo ပုံေတြကို ယွဥ္ၾကည့္ၿပီး အံ့အားသင့္မဆုံးျဖစ္ၿပီး မွတ္ခ်က္ေတြေပးေနၾကပါတယ္။

အဆိုပါ trainee ရဲ့နာမည္ကေတာ့ Weng Yuqing ျဖစ္ၿပီး သူဟာ Lee Kwang Soo နဲ႔ ႐ုပ္ခ်င္းအေတာ္တူေပမယ့္ အရပ္ကေတာ့ Kwang Soo လို မရွည္ဘူးလို႔သိရပါတယ္။ ပရိတ္သတ္ေတြကေတာ့ အရပ္သာမကယ္ရင္ Kwang Soo နဲ႔ ခြဲရေတာ့မွာမဟုတ္ဘူးလို႔ ေနာက္ေျပာင္ေနၾကတာကိုလဲ ေတြ႕ရပါတယ္။

source: koreaboo
written: Dar Dar

Share