Categories: Celebrity News

MV ထွက်ဖို့ delay ဖြစ်သွားခဲ့တဲ့Irene နဲ့ Seulgi တို့ရဲ့Monster သီချင်းသစ်

Red Velvet အဖွဲ့ဝင် Irene နဲ့ Seulgi တို့ရဲ့ Monster သီချင်း MV ဟာ ဇူလိုင်လ ၆ရက်နေ့ ကိုရီးယားစံတော်ချိန် ၆နာရီမှာ ထွက်ဖို့ ရှိခဲ့ပြီး ပရိတ်သတ်တွေအားလုံးကလည်းစောင့်မျှော်နေခဲ့ပါတယ်။ ဒါပေမယ်အချိန်ကျရောက်တဲ့အခါ Monster album တစ်ခုလုံးရဲ့ audio တွေထွက်ရှိခဲ့ပေမယ့် MV ကတော့ထွက်မလာခဲ့ပါဘူး။

ပိုဆိုးတာက သူတို့ရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ဟာ ဒီလိုနောက်ကျရခြင်းအတွက် အကြောင်းတစ်စုံတစ်ရာမထုတ်ပြန်ခဲ့သလို ဖြေရှင်းချက်လည်း ယခုအချိန်ထိပေးသေးပါဘူး။ ဇူလိုင်လ ၇ရက်နေ့ ကိုရီးယားစံတော်ချိန်နေ့လည် ၁၂ နာရီမှာ MV ထွက်ရှိလာမယ်လို့သာ ထုတ်ပြန်ခဲ့ပါတယ်။

အလှလေးနှစ်ယောက်ရဲ့ debut သီချင်းဖြစ်ပြီး သူတို့နှစ်ဦးလုံး အရမ်းကြိုးစားထားတာသိသာတာမို့ ပရိတ်သတ်တွေက မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ SM ရဲ့ ပေါ့ဆမှုကအဆုံးသတ်ပြီး ထပ် delay တာမျိုးမရှိဖို့ပဲ မျှော်လင့်ကြရမှာပါပဲ။

(Zawgyi) MV ထြက္ဖို႔ delay ျဖစ္သြားခဲ့တဲ့Irene နဲ႔ Seulgi တို႔ရဲ့Monster သီခ်င္းသစ္

Red Velvet အဖြဲ႕ဝင္ Irene နဲ႔ Seulgi တို႔ရဲ့ Monster သီခ်င္း MV ဟာ ဇူလိုင္လ ၆ရက္ေန႔ ကိုရီးယားစံေတာ္ခ်ိန္ ၆နာရီမွာ ထြက္ဖို႔ ရွိခဲ့ၿပီး ပရိတ္သတ္ေတြအားလုံးကလည္းေစာင့္ေမၽွာ္ေနခဲ့ပါတယ္။ ဒါေပမယ္အခ်ိန္က်ေရာက္တဲ့အခါ Monster album တစ္ခုလုံးရဲ့ audio ေတြထြက္ရွိခဲ့ေပမယ့္ MV ကေတာ့ထြက္မလာခဲ့ပါဘူး။

ပိုဆိုးတာက သူတို႔ရဲ့ေအဂ်င္စီျဖစ္တဲ့ SM Entertainment ဟာ ဒီလိုေနာက္က်ရျခင္းအတြက္ အေၾကာင္းတစ္စုံတစ္ရာမထုတ္ျပန္ခဲ့သလို ေျဖရွင္းခ်က္လည္း ယခုအခ်ိန္ထိေပးေသးပါဘူး။ ဇူလိုင္လ ၇ရက္ေန႔ ကိုရီးယားစံေတာ္ခ်ိန္ေန႔လည္ ၁၂ နာရီမွာ MV ထြက္ရွိလာမယ္လို႔သာ ထုတ္ျပန္ခဲ့ပါတယ္။

အလွေလးႏွစ္ေယာက္ရဲ့ debut သီခ်င္းျဖစ္ၿပီး သူတို႔ႏွစ္ဦးလုံး အရမ္းႀကိဳးစားထားတာသိသာတာမို႔ ပရိတ္သတ္ေတြက မခံမရပ္နိုင္ျဖစ္ေနၾကပါတယ္။ SM ရဲ့ ေပါ့ဆမႈကအဆုံးသတ္ၿပီး ထပ္ delay တာမ်ိဳးမရွိဖို႔ပဲ ေမၽွာ္လင့္ၾကရမွာပါပဲ။

source: koreaboo
written: helra

Share