လူတစ်ယောက်ရဲ့ ခန့်ညားချောမောမှုကို တိုင်းတာမယ်ဆိုရင်တော့ သူ့ရဲ့အစိတ်အပိုင်းတွေအပြင် ဘယ်ရှုထောင့်ကကြည့်ကြည့် ချောမောနေဖို့က အဓိကကျပါတယ်။ ဒီ idol တွေကတော့ ဘေးတိုက်ကြည့်ရင် ပိုတောင်ချောပါသေးတယ်တဲ့။ Idol အများစုရဲ့ ရုပ်ရည်ကတော့ ဘယ်ကကြည့်ကြည့် အပြစ်ပြောစရာမရှိကြတာမို့ အခုဖော်ပြထားသူအနည်းစုဟာ တစ်ဦးချင်းစီရဲ့ အကြိုက်နဲ့ ကိုက်ညီမှုမရှိခဲ့ရင်တော့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။
Sehun ( EXO)
အပြစ်ပြောစရာမရှိတဲ့မျက်နှာကျနဲ့ မျက်နှာအစိတ်အပိုင်းတွေကြောင့် snap ပုံတွေမှာတောင် ကြည့်ကောင်းတဲ့ Sehun ကတော့ ဘေးကနေဖြတ်သွားတာမြင်ရင် တစ်လလောက်ပြန်မြင်ယောင်နေရမယ့် side profile အမိုက်စားနဲ့ပါ။
V (BTS)
ကမ္ဘာကတောင် သူ့ရဲ့ခန့်ညားမှုကို အသိအမှတ်ပြုထားတာမို့ ဘယ်ရှုထောင့်ကကြည့်ကြည့် ချောတယ်ဆိုပေမယ့် ဖြောင့်စင်းနေတဲ့နှာတံနဲ့ သေသပ်လှပတဲ့ နှုတ်ခမ်းကြောင့် ဘေးတိုက်ကြည့်လိုက်ရင် anime ထဲက ခုန်ထွက်လာသလို ပိုပြီးရင်သပ်ရှုမောဖြစ်ရပါတယ်။
Jeno (NCT)
အသက်အရွယ်ငယ်ပေမယ့် ယောက်ျားပီသတဲ့ဟန်ပန်အပြည့်နဲ့ ခန့်ညားတဲ့ Jeno ကို ဘေးတစောင်း ကြည့်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ထင်ရှားတဲ့မေးရိုးနဲ့ မြင့်မားတဲ့နှာတံကို အတိုင်းသား တွေ့မြင်နိုင်ပါတယ်။
Cha Eunwoo (Astro)
ဒီဘက်ခေတ်ရဲ့ ထိပ်တန်း visual တစ်ယောက်ဖြစ်တဲ့ Cha Eunwoo ရဲ့ ဘေးတိုက်မျက်နှာဟာလဲ ယောက်ျားတစ်ယောက်ရဲ့ charisma နဲ့ နူးညံ့သိမ်မွေ့တဲ့ရုပ်သွင် နှစ်ခုလုံးကို တစ်ပြိုင်တည်းမြင်ရနိုင်ပါတယ်။
Taeyong (NCT)
အထင်ရှားဆုံးနဲ့ အလှဆုံးမေးရိုးကို ပိုင်ဆိုင်ထားတဲ့ idol ဆိုရင်တော့ အားလုံးက Taeyong ကိုပဲ ပြေးမြင်ကြမှာပါ။ ဒီလိုစူးရှတောက်ပတဲ့ သူ့ရဲ့ဆွဲဆောင်မှုကြောင့်ပဲ ဘေးတိုက်ကြည့်တဲ့အခါ ပိုမိုက်တာကို တွေ့ရမှာပါ။
Jinyoung (GOT7)
ပွဲဦးမထွက်ခင်ကတည်းက Dream High မှာတည်းက နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်သွင်ကြောင့်ထင်ရှားတဲ့ Jinyoung ကလဲ ဘယ်ထောင့်ကကြည့်ကြည့် ချောမောမှုလျော့မသွားဘူးဆိုတာ ဒီဓာတ်ပုံက သက်သေပါပဲ။
Minho (Shinee)
Idol ထဲမှာရော မင်းသားတွေထဲမှာရော visual နဲ့ပတ်သတ်ရင် ရှေ့ပြေးတဲ့ Choi Minho ကလဲ သူ့ရဲ့ယောက်ျားပီသတဲ့ မျက်နှာအစိတ်အပိုင်းတွေနဲ့ တမူထူးခြားတဲ့ မျက်လုံးမျက်ခုံးတို့ကြောင့် ဘေးတိုက်ကြည့်ရင် အပြစ်ပြောစရာမရှိပါဘူး။
Vernon (Seventeen)
အနောက်တိုင်းသွေးနှောသူမို့ နှာတံနဲ့မျက်ခုံးမျက်လုံး ထင်ထင်ရှားရှားနဲ့ ချောတာကတော့ အဆန်းမဟုတ်ပါဘူး။ ရှေ့ကကြည့်ကြည့် ဘေးကကြည့်ကြည့် ဆွဲဆောင်မှုနဲ့ charisma ကတော့ အပြည့်ပါပဲ။
Kim Wooseok (UP10TION)
One it တစ်ယောက်ဆိုရင်တော့ Woo Seok ဟာ သူ့ရဲ့ဘယ်ဘက် side profile နဲ့ပတ်သတ်ပြီး ဘယ်လောက်ယုံကြည်ချက်ရှိလဲ သိကြမှာပါ။ တကယ်တော့ သူ့ရဲ့ဘေးတိုက်မျက်နှာကိုက ကြည့်ကောင်းလွန်း ချောလွန်းတာပါ။
Jungwoo (NCT)
ပြီးပြည့်စုံတဲ့ မင်းသားလေးအသွင်နဲ့ Jungwoo ကို ဘေးတိုက်ကြည့်မယ်ဆိုရင်လဲ ပြစ်ချက်တစ်စုံတစ်ရာ ရှာမတွေ့ပါဘူး။ တကယ်ကို စိတ်ထားနူးညံ့ပြီး ချောမောတဲ့ ပုံပြင်ထဲက မင်းသားလေးလိုပါပဲနော်။
J-Hope (BTS)
အပြုံးချိုချိုနဲ့ နှုတ်ခမ်းလှလှလေးတွေ ရှိတဲ့ J-Hope ဟာလဲ သူ့ရဲ့အဓိကဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ ဖြောင့်စင်းပြီး အဖျားကော့နေတဲ့ နှာတံလေးကြောင့် ဘေးတိုက်ကြည့်ရင် ပိုပြီးတောင်ချောမောနေသလိုပါပဲ။
source: koreaboo
written: Dar Dar