Categories: Celebrity News

GOT7 ကိုပိုမိုကောင်းမွန်စွာ ဆက်ဆံပေးဖို့ JYP အားဆန္ဒပြခဲ့ကြတဲ့ ပရိသတ်များ

ဇူလိုင်လ ၆ ရက်နေ့မှာတော့ GOT7 ရဲ့ ပရိသတ် Ahgase (IGOT7) များကတော့ JYP Entertainment ကို ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ GOT7 ဟာ ယခုဆိုရင် ၇ နှစ်မြောက် သက်တမ်းရှိနေပီဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

သို့သော်လည်း ၇ နှစ်တာ ကာလအတွင်း JYP ဟာ GOT7 ကို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုမပေးနိုင်ခဲ့ပါဘူး။ သည်းမခံနိုင်တော့တဲ့ Ahgase လေးများကတော့ JYP အပေါ် GOT7 အား ကောင်းမွန်စွာ မဆက်ဆံမှု၊ ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုနိုင်ခဲ့ဟုဆိုကာ “BetterTreatmentForGOT7” ရေးထားတဲ့ LCD ပါ Truck ကားဖြင့် JYP ရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့တာပါ။

ဒါ့အပြင် ကမ္ဘာအရပ်ရပ်က Ahgase တွေကလည်း တညီတည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း “FairTreatmentForGOT7” ဆိုတဲ့ စာသားဟာ Twitter ရဲ့ Worldwide Trending မှာ နံပါတ် ၁ နေရာသို့ ရောက်ခဲ့ပါတယ်။

JYP ဟာ GOT7 အား လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုလည်း မပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း Sasaeng fan နောက်ယောက်ခံလိုက်တာ ခံခဲ့ရတဲ့ အဖွဲ့ဝင် Jackson ဟာ ကားမတော်တစမှု နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခြားအဖွဲ့ဝင်ဖြစ်တဲ့ Youngjae ဟာလည်း Sasaeng fan တွေရဲ့ နှောင့်ယှက်မှုကို အလူးအလိမ့်ခံနေရကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပေမယ့် JYP ဟာ လုံလောက်တဲ့ ကာကွယ်မှုများ မပေးစွမ်းနိုင်ခဲ့ပါဘူး။

အဆိုးဆုံးကတော့ GOT7 ကို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မပေးခဲ့ခြင်းပါ။ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ K-Pop လောကမှာ အေဂျင်စီရဲ့ အဖွဲ့အပေါ် ကောင်းမွန်တဲ့ Promotion လုပ်ပေးနိုင်မှုဟာ အလွန်အမင်း အရေးကြီးပါတယ်။

အေဂျင်စီကြီး ဖြစ်တဲ့ JYP ဟာ GOT7 အပေါ် ဒီတာဝန်ဝတ္တရား ပျက်ကွက်ခဲ့ပါတယ်။ GOT7 ရဲ့ Tour များ event များကိုလည်း ကောင်းမွန်စွာ စီစဉ်ပေးခဲ့ခြင်း မရှိခဲ့တဲ့အပြင် ပရိတ်သတ်တွေအတွက်လုံလောက်တဲ့ Album ချပ်ရေတောင် ဖြန့်ဝေပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

GOT7 ရဲ့အနောက်နိုင်ငံများမှာ လွန်စွာအောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ GOT7 ဟာ FOX5 ရဲ့ “Good Day New York” အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင် အဖွဲ့ပါ။ ဒီလို ပါဝင်ခွင့်ရခဲ့တာလည်း JYP ရဲ့ ကြိုးစားမှုကြောင့် မဟုတ်ခဲ့ပါဘူး။

GOT7 ကို “Good Day New York” မှာမြင်တွေ့ခွင့်ရဖို့ Twitter မှတဆင့် အစီအစဉ်တင်ဆက်သူများထံ တိုက်ရိုက်တောင်းဆိုခဲ့တဲ့ Ahgase လေးတွေရဲ့ ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကတော့ JYP ရဲ့ GOT7 အပေါ် တာဝန်မကျေခဲ့မှုများထဲမှ အချို့ပါ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း Ahgase များဟာ JYP ထံသို့ email 7 သိန်းခွဲကျော်ပို့ပီး GOT7 အတွက် တောင်းဆိုခဲ့သောလည်း JYP ဘက်ကတော့ တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါ့ကြောင့်လည်း ယခုအခါမှာတော့ ဆန္ဒပြ Truck ကားကို JYP Entertainment ရုံးချုပ်ရှေ့သို့ပို့ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိတော့ JYP ဘက်မှ ပရိသတ်တွေရဲ့ တောင်းဆိုမှုကို တုံ့ပြန်ပြောကြားချင်း မရှိသေးပါဘူး။

GOT7 ကဲ့သို့ အရည်အချင်းရှိတဲ့ အဖွဲ့ဝင်တွေပိုင်ဆိုင်ထားတဲ့ အဖွဲ့ဟာ ယခုထက်ပိုတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်သင့်နေတာပါ။ နောင်လာမယ့် အနာဂတ်မှာ JYP ဟာ GOT7 အပေါ် လုံလောက်တဲ့ လေးစားမှု၊ ကာကွယ်မှုများပေးနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share