Categories: Celebrity News

John Cena တစ်ယောက် ARMY ဖြစ်လာရတဲ့ အကြောင်း

BTS နဲ့ John Cena တို့ရဲ့ ဆက်ဆံရေးကတော့ အားလုံးသိထားကြတဲ့အတုင်း တစ်ဦးနဲ့တစ်ဦးအရမ်းကို ရင်းနှီးချစ်ခင်ကြပါတယ်။ John Cena က BTS ရဲ့ ပရိတ်သတ်ဖြစ်တယ်ဆိုတာကို သိရတုန်းက အားလုံးက အံ့ြသခဲ့ကြပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့်များ John Cena က ARMY တစ်ယောက်ဖြစ်လာတယ်ဆိုတာ လေ့လာကြည့်ရအောင်လား။ သူတို့တွေရဲ့ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေး ကိုပြောပြဖို့ဆိုရင်တော့ ၂၀၁၈ ရဲ့ ဖေဖော်ဝါရီလကို ပြန်သွားရမှာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ အဲ့နေ့မှာ John Cena က သူဟာ ရဲ့ BTS ပရိတ်သတ်ဖြစ်တယ်ဆိုတာကို စတင်ထုတ်ပြောခဲ့တာမို့ပါ။ သူရဲ့ အင်စတာဂရမ်မှာ BTS အဖွဲ့ဝင်ဖြစ်တဲ့ J-Hope ရဲ့ ပုံကိုတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ရက်တည်းတင်တာမဟုတ်ဘဲ တစ်ပတ်ကျော်ကျော်လောက်ကြာအောင် J-Hope ပုံတွေဆက်တိုက်တင်ခဲ့တာမို့ John Cena ရဲ့ bias က J-Hope ဆိုတာ အသေအချာပါပဲနော်။

John Cena တစ်ယောက် လုံးဝကို ARMY ဖြစ်သွားတဲ့နှစ်ကတော့ ၂၀၁၈ မှာ ဖြစ်ပါတယ်။ John Cena နဲ့ သူ့ရဲ့စေစပ်ထားသူ Nikki Bella တို့ဟာ ပြတ်စဲခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။ အဲ့ကာလတစ်လျှောက်လုံးမှာလည်း BTS သီချင်းတေွ၊ Dance Tutorials တွေကို တောက်လျှောက်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ အခက်ခဲဆုံးအချိန်တွေမှာ BTS သီချင်းတွေက သူ့ကိုဖေးမအားပေးခဲ့တယ်လို့ ဆိုပါတယ်။ (သူ့လို အားကောင်းမောင်းသန်ကြီးတောင် ဒီလို စိတ်ဓာတ်ကျတတ်ပါတယ်နော်။ ဒီလို အချိန်တွေမှာ BTS ရဲ့သီချင်းတွေက အမြဲစိတ်ခွန်အားပေးတယ်ဆိုတာ ARMY တွေအသိဆုံးဖြစ်မှာပါ။)

Source: Fanbyte
Written: S.Kaung

Share