Categories: Celebrity News

ဒီနှစ်အတွက် fashion icon အဖြစ် သတ်မှတ်ခြင်းခံရတဲ့ မင်းသမီး (၈) ဦး

ဒီမင်းသမီး (၈) ဦးကတော့ ဇာတ်လမ်းတွဲတွေထဲမှာသာမက ပြင်ပဘဝမှာလဲ ဖက်ရှင်နဲ့ပတ်သတ်တဲ့စံနှုန်းနဲ့ အမြင်ကမြင့်မားလွန်းတာမို့ ဒီနှစ်အတွက် fashion icon အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

Song Hye Kyo


နုနယ်ပြီးအပြစ်ကင်းတဲ့ ရုပ်ရည်လေးရှိပေမယ့် ဖက်ရှင်မဂ္ဂဇင်းတွေမှာတော့ လုံးဝအထာကျတဲ့ ခပ်မိုက်မိုက်ပုံရိပ်ကို ဖော်ဆောင်တတ်ပါတယ်။ သူ့ကို နာမည်ကျော် brand တွေရဲ့ event တွေမှာလဲ အမြဲတွေ့ရပါတယ်။

Son Ye Jin


Crash Landing On You ထဲမှာ သူ့ရဲ့အထက်တန်းကျတဲ့ ဖက်ရှင်တွေကို အားလုံးသိကြမှာပါ။ သူဟာ လက်တွေ့မှာလဲ သူ့နေရာနဲ့သူ သင့်လျော်ပြီး ဖက်ရှင်ကျတဲ့ အဝတ်အစားတွေကို ရွေးချယ်တတ်ပါသေးတယ်။

IU


အဆိုတော်ဖြစ်တာမို့ သူ့ရဲ့ concert တွေ MV တွေထဲမှာလဲ ထူးခြားပြီးလှပတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို တွေ့ရပါတယ်။ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာဆိုရင်လဲ သူ့ရဲ့ဖက်ရှင်နဲ့ အပြင်အဆင်တွေဟာ အံ့မခန်းပါပဲ။

Kim Dami


Itaewon Class ကိုနှစ်ခြိုက်ခဲ့တဲ့သူဆိုရင်တော့ သူ့ရဲ့ ဆံပင်ကစ ခြေဖျားအဆုံး ဖက်ရှင်ကျမှုကို တွေ့မြင်ရမှာပါ။ ပြင်ပဘဝမှာတော့ ဇာတ်လမ်းတွဲတွေထဲကထက်တောင် ပိုမိုက်သေးတဲ့ fashion icon တစ်ဦးပါပဲ။

Bae Doona


Fashion နဲ့ပတ်သတ်ရင်တော့ Bae Doona ကိုထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲနော်။ဟောလိဝုဒ်အထိ ခြေဆန့်ခဲ့တဲ့သူမဟာ သရုပ်ဆောင်အရည်အချင်းပြည့်ဝသလို ဖက်ရှင်မှာလဲ ကမ္ဘာ့စတားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အမြင်မျိုးရှိသူပါ။

Park Min Young


ဇာတ်လမ်းတွဲတွေမှာလဲ ဇာတ်ကောင်နဲ့လိုက်ဖက်စွာ ဝတ်စားဆင်ယင်တတ်တဲ့ သူ့ကိုတော့ fashionista တစ်ယောက်အဖြစ် သတ်မှတ်ရင် ဘယ်သူမှငြင်းကြမယ် မထင်ပါဘူး။ ဘယ်လောက်ထိ slay နိုင်လဲဆိုတာတော့ ပုံမှာသာ ကြည့်လိုက်ပါတော့။

Lee Sung Kyung


Runway model တစ်ယောက်လဲ ဖြစ်တာမို့ မြင့်မားတဲ့အရပ်ကြောင့် ဘယ်လိုပဲဝတ်ဝတ် ထင်ရှားပြီးကြည့်ကောင်းနေတာပါပဲ။ Accessory, ပိုက်ဆံအိတ်လို အသေးအမွားလေးတွေကအစ ဖက်ရှင်ကျအောင် ဝတ်နိုင်သူပါ။

Kwon Nara


သူ့ရဲ့ fashion တွေကိုလဲ Itaewon Class မှာ မျက်မြင်တွေ့ခဲ့ရမှာပါပဲ။ လူတိုင်းလိုက်ဝတ်နိုင်တဲ့ သက်သောင့်သက်သာလဲဖြစ် chic လဲဖြစ်တဲ့ အဝတ်အစားရွေးချယ်မှုနဲ့ သူမရဲ့အပျံစား visual ပေါင်းစပ်လိုက်တဲ့အချိန်တိုင်းဟာ တောက်ပနေတာပါ။

source : koreaboo

Share